
ယင်းအခင်းဖြစ်ပွားမှုမှာ မွတ်ဆလင်ဘာသာဝင်တွေ Ramadan ဥပုသ်စောင့်အစာရှောင်ခြင်းရဲ့ အသန့်ရှင်းအမြင့်မြတ်ဆုံး ညနေဆုတောင်းပွဲအတွင်း လူအုပ်တွေနဲ့ ပြည့်ကျပ်ပြုံတိုးရာ မြို့ရဲ့ Hassan II ဗလီမှာ ဖြစ်ပွားခဲ့တာလို့ MAP သတင်းဌာနက ဆိုပါတယ်။
အများစု အမျိုးသမီးများဖြစ်ကြတဲ့ လူ ၈၁ ဦးမှာ ဒဏ်ရာတွေ ရရှိခံစားကြပြီး ကျိုးကြ၊ ကွဲကြဖြစ်ခဲ့ပြီး တချို့ မေ့မျောနေခဲ့ကြတယ်လို့ ယင်းက ဆိုပါတယ်။ ဒီချောက်ချားမှုဟာ အမျိုးသမီးတစ်ဦးမှ ၄င်းကြွက်နဲ့ ပတ်သက်၍ အသံပေး သတိပေးကာ ဆုတောင်းပွဲလာရောက်သူများ ရုတ်တရက် အုပ်အော်သောင်းနင်းထွက်ပြေးစေပြီးတဲ့နောက် ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ ဆေးကုသပေးဖို့လိုအပ်ကြသူတွေအနက် ခြေထောက်နှစ်ဖက်ကျိုးသွားတဲ့ ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦး ပါဝင်ခဲ့ပြီး ဆေးရုံမှာ စောင့်ကြည့်မှု ခံယူနေယူနေရတယ်လို့ဆို သိရပါတယ်။
Ref: CCTV
http://www.trend.com.mm/2015/07/17/news-7188
No comments:
Post a Comment