
အဲဒီ Easter Island က ဦးခေါင်းတွေဟာ လျို့ဝှက်ချက်ကြီးတစ်ခုကို နှစ်ပေါင်းရာနဲ့ချီ ဖုံးကွယ်ထားခဲ့ပါတယ်။ အဲဒါဟာ မြေအောက်သို့ ဖုံးကွယ်ထားတဲ့ ခေါင်းနဲ့တစ်ဆက်တည်း ကိုယ်လုံးတွေရှိတယ်ဆိုတာပဲ ဖြစ်ပါတယ်။
သူတို့တွေမှာ ဦးခေါင်းတွေသာ ရှိတယ်လို့ပဲ ကျွန်ုပ်တို့ ယူဆခဲ့ကြပါတယ်။
၎င်းလျို့ဝှက်ထားတဲ့ ကိုယ်လုံးတွေကိုတာ့ The Easter Island Statue Project မှ ရှာဖွေတွေ့ရှိခဲ့တာပါ။
Archaeologist ရှေးဟောင်းသုတေသီများမှ ရာစုနှစ်တစ်ခုနီးပါး တူးဖော်ခဲ့ကြတယ်။ သို့သော် ဒီသတင်းကို ထုတ်ဖော်ခဲ့သူဟာ Easter Island Statue Project ပဲဖြစ်ပါတယ်။
၂၀၁၂ ခုနှစ်ကတည်းက ဒေသအသုံးအရ moai လို့သိရတဲ့ ၄င်းရုပ်တုတွေထဲမှ ရုပ်တုနှစ်ခုကို တူးဖော်ခဲ့ကြပြီး ရှာဖွေတွေ့ရှိချက်အားလုံးကို သူတို့ဝက်ဘ်ဆိုဒ်ပေါ် မှတ်တမ်းတင်ထားပါတယ်။
ကိုယ်လုံးတွေ မြေကြီးထဲနှစ်ပေါင်းများစွာ နှစ်မြုပ်နေခဲ့ရတဲ့ အကြောင်းရင်းက ရုပ်တုတွေဟာ မီးတောင်နားမှာ ထုလုပ်ခဲ့တာဖြစ်ပြီး ရုပ်တုတွေရှိရာ တခွင်လုံး မီးတောင်ပေါက်ကွဲခဲ့တာကြောင့် လည်ပင်းတွေအထိ နစ်မြုပ်သွားခဲ့လို့ ဖြစ်ပါတယ်။
၎င်းစီမံကိန်းအနေနဲ့ ယခုအချိန်မှာ ရုပ်တုနှစ်ခုကိုသာ တူးဖော်နေကြပေမယ့် ကျွန်းပေါ်ရှိ ရုပ်တုတစ်ခုစီတိုင်းရဲ့ အသေးစိတ်စာရင်းမှာ တစ်ခုတည်းဖြစ်မယ်လို့ မျှော်လင့်ထားပါတယ်။



Ref: Metro
http://www.trend.com.mm/2015/07/20/news-7202
No comments:
Post a Comment