Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 21, 2015

အငွေ့ရှူ ရုံနဲ့ မူးယစ်စေမယ့် လန်ဒန်မှ အရက်ဘားဆိုင်အသစ်




နောက်ဆုံးပေါ် လန်ဒန်မြို့ အရက်ဘားဆိုင်မှာ အရက်မူးလာစေဖို့ လက်ချောင်းလေးတစ်ခု မစရာတောင် မလိုပါဘူး။
ဈေးကြီးတဲ့ အရက်ယမကာကို မော့သောက်နေမယ့်အစား အငွေ့ကို နှာခေါင်းဖြင့်သာ ရှူလိုက်လို့ ရနိုင်ပါတယ်။
ချမ်းမြေ့ဖွယ်ကောင်းပြီး အခိုးအငွေ့ အလိုလို ထွက်နေတဲ့ ယင်းဘားဆိုင်ဟာ သိပ္ပံပညာရှင်များဖြစ်ကြတဲ့ Bompas နဲ့ Parr  တို့ရဲ့ ဆန်းသစ်တီထွင်မှုဖြစ်ပြီး ယမကာ အခိုးအငွေ့အတိ လွမ်းခြုံထားတဲ့ ဝန်းကျင်တစ်ခုကို လုပ်ပေးထားပါတယ်။
အရက် နောက်ပြီး ၄င်းနဲ့ရောထည့်တဲ့ အရာတွေဟာ humidifier စိုထိုင်းမှုထိန်းစက် အကူအညီကြောင့် ကောင်းမွန်တဲ့ ယမကာ အခိုးအငွေ့အဖြစ်သို့ ပြောင်းလဲသွားစေပါတယ်။
၁၄၀% ဝန်းကျင်ရှိ စိုထိုင်းမှု ပမာဏကြောင့် လာရောက်တဲ့ ဧည့်သည်တွေဟာ သူတို့ အဆုတ်နဲ့ မျက်သားကနေဆင့် ယမကာကို စုပ်ယူနိုင်ပါတယ်။
အသည်းကို ရှောင်ကွင်းဖြတ်သန်းသွားခြင်းဖြစ်သဖြင့် ပိုမိုလွယ်တကူစွာ မူးယစ်စေပါတယ်။ အရှိန်ကောင်းကောင်းလေး တက်လာဖို့ ၄၅ မိနစ်လောက် အချိန်ယူပါတယ်လို့ ဆိုပါတယ်။  
ဖောက်သည်တွေအနေနဲ့ အကာအကွယ်ဖြစ်စေတဲ့ ဝတ်စုံကို ဝတ်ဆင်ရမှာဖြစ်ပါတယ်။ ဒါမှ စိုထိုင်းမှုကြောင့် ပျက်စီးမှု မရှိမှာဖြစ်ပြီး ဘားဆိုင်အတွင်း အချိန်တစ်နာရီအတွင်းသာ နေလို့ရနိုင်မှာဖြစ်ပါတယ်။
ယမကာ အငွေ့အသက်တွေကို အနံ့အရသာနဲ့ ပြည့်စုံကောင်းမွန်စေဖို့ ဝိုင်နဲ့ ဘီယာနဲ့ စီမံပြုလုပ်ထားကြောင်း သိရပါတယ်။ 
Ref: Metro 
http://www.trend.com.mm/2015/07/21/lifestyle-7218

No comments:

Post a Comment