Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 5, 2015

ကားပါကင်ထောက်ခံချက်အတွက် အငှားတင်ပြခြင်းများကို လက်ခံတော့မည်မဟုတ်


ကားပါကင်ထောက်ခံ ချက်လျှောက်ထားရာတွင် မြေနေ ရာကို အငှားပြ၍ တင်ပြခြင်းများ လက်ခံခွင့်ပြုမည်မဟုတ်ကြောင်း စီးပွားရေးနှင့် ကူသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ကားပါကင် စိစစ် ရေးအဖွဲ့မှ သတင်းရရှိသည်။

ယခင်ကကဲ့သို့ သန်းခေါင် စာရင်းတွင် နေထိုင်သည့် နေရာ နှင့် ထောက်ခံချက်ရရှိရန် ပြင်ပမှ ငှားရမ်းလာသည့်မြေနေရာကို ပူး တွဲတင်ပြခြင်းများ လက်ခံပေး တော့မည်မဟုတ်ကြောင်း အဆို ပါအဖွဲ့မှ အဆင့်မြင့်အရာရှိတစ် ဦးက ပြောသည်။

ပြင်ပတွင် မြေနေရာကို ငှား ရမ်းပြီး ပါကင်ထောက်ခံချက်များ အလွယ်တကူထုတ်ယူနေခြင်းကို ကန့်သတ်ရန် ယခုကဲ့သို့ လုပ် ဆောင်ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ကားပါကင် ထောက်ခံချက် ကို အရေအတွက်များများ ထုတ်ပေးမည်မဟုတ်ဘဲ စိစစ်ကြပ်မတ် ပြီးမှသာ ထုတ်ပေးတော့မည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။

တစ်ပတ်လျှင် ပါကင် ပါမစ် ဆယ်ဂဏန်းခန့်သာ ထုတ်ပေး လျက်ရှိပြီး အရေအတွက် အတိအကျကိုမူ ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။ ပါကင် ပါမစ်များ ထုတ်ပေးထားသည့်နေရာများတွင် အမှန် တကယ် ကားထားခြင်း ရှိ၊ မရှိ ရှောင်တစ်ခင် ဝင်ရောက်စစ်ဆေး ရန် အဖွဲ့တစ်ဖွဲ့ကိုဖွဲ့စည်းထားပြီး မည်သည့်အချိန်တွင် ဝင်ရောက် စစ်ဆေးမည်ကို ထုတ်ပြန် ပြော ကြားသွားမည် မဟုတ်ကြောင်း သိရသည်။

ရန်ကုန်တွင် ကားဝယ်ယူပါ က ပါကင်ထောက်ခံချက်ရရှိမှသာ တင်သွင်းခွင့်ပြုသည့် အစီအစဉ် ကို ဇန်နဝါရီ ၁ ရက်က စတင်ခဲ့ပြီး အထိုက်အလျောက် အောင်မြင် နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ဆိုထား သည်။ အဆိုပါ စီမံချက် စတင် လိုက်ခြင်းကြောင့် ရန်ကုန်တွင် ယခင်နှစ်များကထက် ကားတင် သွင်းမှု ၈၀ ရာခိုင်နှုန်းလျော့ကျ သွားကြောင်း ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားထားသည်။

ပါကင်ထောက်ခံချက်ဖြင့် ဝယ်ယူထားသည့် ကားများပါကင် တွင် ထားရှိခြင်း ရှိ၊ မရှိ ရှောင်တ ခင် စစ်ဆေးမည်ဆို၍ ပြင်ပတွင် ပါကင်ပေါက်ဈေး ကျဆင်းလျက် ရှိသည်။

ထိုဂယက်ကြောင့် အများစုက အရောင်းအဝယ်မပြုလုပ်ဘဲ ရပ်တန့်ထားခြင်းဖြစ်သည်။ ကားသစ်တင်သွင်းလျှင် ပါကင်ထောက်ခံချက်ပါဝင်ရမည်ဆိုသည့် မူဝါဒ သစ်ကြောင့် တစ်ပတ်လျှင် ပါ ကင်ထောက်ခံချက် ၂၀၀ မှ ၃၀၀ အထိ ထုတ်ပေးနေပြီး ယခုနောက် ပိုင်းတွင် ထုတ်ပေးသည့် အရေ အတွက် တဖြည်းဖြည်း လျှော့ နည်းလာကြောင်း သိရသည်။

ပါကင်ထောက်ခံချက်တွင် ဖော်ပြထားသည့်နေရာ၌ သက် ဆိုင်ရာက ကွင်းဆင်းစစ်ဆေးစဉ် မှန်ကန်မှုမရှိပါက ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မ တီဥပဒေအရ ဒဏ်ငွေနှင့် ထောင် ဒဏ်နှစ်ရပ်စလုံး ကျခံရနိုင်ကြောင်း သတင်းရရှိသည်။

ထို့အပြင် ပါကင်ထောက်ခံ ချက်ကို ရရှိပြီး တစ်လအတွင်း ကားတင်သွင်းရန် လျှောက်ထားရမည်ဖြစ်ပြီး တစ်လကျော်ပါက ပြန်လည်လျှောက်ထားရမည်ဖြစ် သည်။ပါကင်ထောက်ခံချက် တင် ပြရာတွင် မြို့တွင်း၌ နေထိုင်သူ များအနေနှင့် မြို့စွန်ရှိ မြေနေရာ အလွတ်တွင် ပါကင်အတွက် မြေ နေရာပြသနိုင်ပါက ထောက်ခံ ချက်ရရှိသဖြင့် ကားတင်သွင်းသူ အများစု ဝေဖန်လျက်ရှိသည်။

7day daily

No comments:

Post a Comment