Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 30, 2015

ဆေးလိပ်သောက်ခြင်းနဲ့ အလေးချိန်တက်ခြင်းတို့မှာ ကြီးမားတဲ့ ဆက်စပ်မှုတွေရှိနေ




ဆေးလိပ်သောက်ခြင်းဟာ အစာစားလိုစိတ် လျော့နည်းစေတယ်လို့ အများစုက ယုံကြည်ကြပေမယ့် တိရိစ္ဆာန်တွေနဲ့ စမ်းသပ်လေ့လာမှု အသစ်တစ်ခုမှာ အင်ဆူလင် တုံ့ပြန်မှုရစေဖို့ ဆေးလိပ်မီးခိုးငွေ့တွေက ဆဲလ်တွေကို အမှန်တကယ် ပြောင်းလဲစေပြီး အလေးချိန်တက်စေကြောင်း ဖော်ပြထားပါတယ်။
Brigham Young တက္ကသိုလ်က သုတေသီတွေက ကြွက်တွေကို အုပ်စု (၄) ခု ဖွဲ့ စမ်းသပ်ခဲ့ကြပါတယ်။ တစ်ဖွဲ့ကို ဒီတိုင်းချုပ်ထားလိုက်တယ်။ တစ်ဖွဲ့ကိုတော့ ဆေးလိပ်မီးခိုးငွေ့နဲ့ ထိတွေ့စေပါတယ်။ နောက် အဖွဲ့တစ်ဖွဲ့ကို အဆီဓာတ်နဲ့ သိကြားဓာတ်မြင့်မားတဲ့ အစားအစာတွေ ကျွေးထားပြီး နောက်ဆုံးအဖွဲ့ကိုတော့ ဆေးလိပ်မီးခိုးငွေ့ပေးတွေ့ပြီး သိပ်မကောင်းတဲ့ အစားအစာတွေ ကျွေးထားပါတယ်။ အဲဒီအုပ်စုလေးခုထဲမှ ဆေးလိပ်မီးခိုးနဲ့ အဆီဓာတ်နဲ့ သိကြားဓာတ်ကြွယ်ဝတဲ့ အစားအစာကို ကျွေးထားတဲ့ ကြွက်အုပ်စုမှ အလေးချိန် အများဆုံး တက်သွားကြပါတယ်။ ပိုပြီးထူးခြားတာက ပုံမှန်စားနေကျ အစားစားကိုသာ စားတဲ့ ကြွက်တွေထက် ပိုအလေးချိန်တက်သွားကြပါတယ်။ ဒါကြောင့် သိပ္ပံပညာရှင်တွေက အဲဒီအချက်ကို ဆဲလ်ပမာဏများပြောင်းလဲစေတဲ့အချက်ဖြစ်ကြောင်း ခွဲခြားသိသွားပါတယ်။ အဲဒီအချက်ကြောင့် ဆေးလိပ်မီးအခိုးအငွေ့တွေက  အစာချေဖျက်မှုလုပ်ငန်းတွေ ပြောင်းလဲစေတတ်ကြောင်း သဘောပေါက်စေပါတယ်။
Ref:cosmopolitan
http://www.trend.com.mm/2015/07/29/health-7310

No comments:

Post a Comment