Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 30, 2015

အူမကြီး ကင်ဆာ မဖြစ်စေဖို့ ဒီလိုအစားအစာလေးတွေ စားပေးဖို့လို




ကင်ဆာဆိုမှတော့ ဘာကင်ဆာဖြစ်ဖြစ် တကယ်ကို ကြောက်စရာပါ။ ဘာမှမဖြစ်ခင်ကတည်းက ကိုယ့်ဘက်က ရောဂါကို ကာကွယ်နိုင်တဲ့ အစားအစာတွေကို စားသုံးပေးဖို့ လိုပါတယ်။ ခုတစ်ခါ ပြောပြပေးချင်တာကတော့ အူမကြီးကင်ဆာကို ကာကွယ်ပေးနိုင်တဲ့ အစားအစာတွေပါပဲ။
ဆော်လမွန်ငါး
ဗင်တာမင် (ဒီ) အနည်းငယ်သာ ပါဝင်ခြင်းကြောင့် အူမကြီးကင်ဆာ ဖြစ်ပွားစေနိုင်ချေ ရှိပါတယ်လို့ မကြာသေးမီပြုလုပ်ခဲ့တဲ့ သုတေသနက ပြောပြထားပါတယ်။ ဆော်လမွန်ငါး (၃) အောင်စ မှာ နေ့စဉ် ပုံမှန်စားသုံးသင့်တဲ့ ဗီတာမင် (ဒီ) ပမဏ ၁၁၂% ရာခိုင်နှုန်း ပါဝင်တယ်။
ထောပတ်ရောပြောင်းဖူး
ပြောင်းဖူး အမျှင်ဓာတ်၊ အင်အိုဆစ်တိုလ်၊ ဟက်ဆာဖော့စ်ဖိတ်ဓာတ်တွေက အူမကြီးကင်ဆာကြီးထွားမှုကို တားဆီးပေးတယ်လို့ မေရီလင်းတက္ကသိုလ်မှ ပြုလုပ်တဲ့ သုတေသနက ဖော်ပြထားပါတယ်။ ထောပတ်အစစ်မှာ ကင်ဆာ ခုခံကာကွယ်ပေးတဲ့ အက်ဆစ်ပါဝင်တယ်လို့လည်း ထည့်သွင်းဖော်ပြထားပါသေးတယ်။
မြေပဲ
အခွံမာအစေ့ တစ်မျိုးမဟုတ်ဘဲ မြေပဲကို ပဲသီး၊ပဲစေ့ တစ်မျိုးဆိုတာ သိခဲ့ပါသလား။ ကုလားပဲ၊ ပဲစေ့နက်များ နဲ့ ပဲသီးပဲတောင့်စတဲ့ ပဲသီးပဲစေ့မျိုးတွေကို တစ်ပတ် (၃) ကြိမ်စားသုံးပေးခြင်းဖြင့် အူမကြီးကင်ဆာအန္တရာယ်ကို ၃၃% ရာခိုင်နှုန်းလျော့ပေးနိုင်တယ်လို့ Loma Linda တက္ကသိုလ်က သုတေသီများက တွေ့ရှိခဲ့တယ်။ နို့ဆီဗူးတစ်ပိုင်း မြေပဲစေ့မှာ အမျှင်ဓာတ် ၆ ဂရမ်ထက်မက ပါဝင်တယ်။
Source: Rd
http://www.trend.com.mm/2015/07/29/health-7308

No comments:

Post a Comment