Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 30, 2015

ခန္ဓာကိုယ်အလေးချိန် ကျဖို့ရာ ညဘက်တွေမှာ ဒီလို အကျင့်လေးတွေ လုပ်ပေးသင့်တာ




သင် အလေးချိန်လျော့ဖို့ ကြိုးစားတဲ့အခါ အတောမသတ်နိုင်တဲ့ အတားအဆီးတစ်ခု ရှိနေသလို ဖြစ်နိုင်ပါတယ်။ ဆိုဖာထိုင်ခုံပေါ် အနားယူတဲ့ ညနေခင်းတွေက တနေ့တာ ကျန်းမာရေးနဲ့ ကိုက်ညီအောင် ရွေးချယ်စားသုံးခဲ့သမျှ အားလုံး အလကား ဖြစ်စေနိုင်တယ်။ ညနေခင်းမှာ လုပ်ဆောင်သင့်တဲ့ အောက်ပါစည်းကမ်းချက်တွေကို သတိထားဖို့ လိုအပ်ပါတယ်။
  • ညနေစာစားပြီးလို့ အနားယူနေတဲ့နေစဉ် အချိုပွဲတွေ ထပ်မစားပါနဲ့။ အဲဒီအစား ရည်နွေးကြမ်းလေးသာ သောက်ပေးပါ။ အဲဒီလို အလေ့အကျင့်ပြုလုပ်ပေးခြင်းဖြင့် အလွန်အကျွံ စားချင်စိတ် ဖြေလျော့ပေးနိုင်ပါတယ်။
  • ညအိပ်ယာမဝင်ခင် အစောကြီးကတည်းက ညနေစာ စားထားသင့်ပါတယ်။ ဒါဆိုရင်တော့ ကျန်းမာရေးနဲ့ ကိုက်ညီသည့် အစာပြေ သို့မဟုတ် အချိုပွဲ ထပ်စားခြင်းက အမှားအယွင်း မဟုတ်တော့ပါဘူး။ အိပ်စက်ဖို့ အနှောက်အယှက်ဖြစ်စေတဲ့ အစားအစာတစ်ခုခု  သို့မဟုတ် တစ်နေ့တာ ဆောင်ရွက်ခဲ့သမျှ အချည်းအနှီးဖြစ်စေတဲ့ အစားအစာတစ်ခုခု မစားမိစေဖို့ သတိရှိသင့်ပါတယ်။
  • အိပ်ရေးဝနေခြင်းက နောက်တစ်နေ့ လုပ်ငန်းဆောင်ရွက်မှုများအတွက် အားအင် အလုံအလောက် ရရှိစေရုံသာမက အိပ်ရေးပျက်သူတွေက အိပ်ရေးဝသူတွေထက် အစားပိုစားကြတယ်လို့ လည်း လေ့လာချက်တွေက ဖော်ပြထားပါတယ်။ စာဖတ်ခြင်း သို့မဟုတ် ရေနွေးကြမ်းတစ်ခွက်သောက်ခြင်း စတဲ့ ညအိပ်ယာဝင်ချိန် ပုံမှန်လုပ်ပေးတဲ့ အလေ့အကျင့်တစ်ခုက အလေးချိန်လျော့ချရာမှာ အကူအညီဖြစ်စေနိုင်ပါတယ်။
Ref:stylish.com
http://www.trend.com.mm/2015/07/29/health-7307

No comments:

Post a Comment