မဟာချိုင်မြို့ကော့စမွတ်ရပ်ကွက်မှ မြန်မာလူကုန်ကူးမှုဂိုဏ်းခေါင်းဆောင်နှင့်
ပွဲစား၎ဦးတို့အား လက်ရဖမ်းဆီးနိုင်ခဲ့ပြီး၊ လူကုန်ကူးခံခဲ့နေရသည့်မြန်မာ
အလုပ်သမား ၆၄ဦးတို့အား ယမန်နေ့နှင့်ယနေ့တို့တွင် ထိုင်း အစိုးရတပ်ဖွဲ့ဝင်များ
နှင့် မြန်မာသံရုံး အလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီဖွဲ့ဝင်တို့ ပူးပေါင်း ကယ်ထုတ်နိုင်ခဲ့ကြသည်။
မွန်တိုင်းရင်းသားဆန်းမိုးအောင် ဆိုသူသည် ဇူလိုင်လ၁ ရက်နေ့က မြန်မာသံရုံးသို့ ထွက်ပြေးလွတ် ပြောက်လာခဲ့ပြီး အကူညီတောင်းခံခဲ့သည်။ မြန်မာသံရုံးအလုပ်
သမား ကူညီစောင့်ရှောက်ရေးကော်မတီက လိုအပ်သည့် စာရွက်စာတမ်းများ
ပြင်ဆင်ပေးပြီး MAT အဖွဲ့ရုံးသို့ စေလွှတ်ပေးလိုက်ပါသည်။
ဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သည်
မြန်မာသံရုံးအလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီနှင့်ပူးပေါင်း၍ မဟာချိုင်
ခရိုင်၊ အတွင်းရှိ ထိုင်းစစ်တပ်သို့ ပထမသွားရောက် အကူညီတောင်းခံခဲ့ကြပါသည်။ ၄ရက်ခန့်စောင့်ဆိုင်းနေခဲ့သော်လည်း အကြောင်းမထူးသဖြင့် ထိုင်းဘုရင့်
ကွန်မင်ဒို အထူးရဲတပ်ဖွဲ့နှင့် ထူးထူးခြားခြားဆက်သွယ်ရရှိခဲ့ပြီး အနီကပ် စုံစမ်းမှု
ကို ၂ရက် ထိပ်မံပြုလုပ်ခဲ့ကြ ပါသည်။
ကိုဆန်းမိုးအောင်က “ ဗမာပွဲစားတွေက အလုပ်သမားတွေကို အလုပ်ရုံတွေကို
ပို့တယ်၊ ကောင်မလေးချောချောလေးတွေကိုလည်း အဓမ္မပြုကျင့်တယ်၊ ထွက်ပြေးရင်
ပုလိပ်နဲ့ပြန် ဖမ်းတယ်။ သူတို့ထားသလိုနေရတာ။သူတို့ချက်ကျွေးတာနဲ့စားရတာ
ပါ။ ဗမာအချင်းချင်း ဆက်ဆံတာ ၀ယ်ထားတဲ့ကျွန်လိုပဲ။ ကျနော့်အမျိုသမီးက
ရုပ်နဲနဲချောတယ်လေ ၊ အဲဒါ ယိသဲသဲလာလုပ်သေးတယ်ပွဲစားတွေက။ ကျနော်
တို့ကို ကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ" ဟုပြောသည်။
မြန်မာလူကုန်ကူးမှုဂိုဏ်းခေါင်းဆောင် မှာ ဦးမောင်ထုံ ဆိုသူဖြစ်ပြီး မွန်ပြည်နယ်
ကျိုက်မရောမြို့နယ် ကော့ဝမ်ကျေးရွာမှဖြစ်ကြောင်းသိရသည်။
MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က “ မနေ့ စစ်သားဝင်ဖမ်းတုန်းက အလုပ်
သမား ၅၇ ယောက်ကိုရတယ်။ ပွဲစား တွေထွက်ပြေးကြတယ်။ ဒီနေ့ ရဲကွန်မန်ဒို
အဖွဲ့နဲ့MAT အဖွဲ့ဝင်ဖမ်းတဲ့အခါ ဂိုဏ်းဆောင်အပြင် ပွဲစား၎ယောက်နဲ့နောက်ထပ်
လူကုန်ကူး ခံနေရသူ၇ယောက်ကိုပါရပါသေးတယ်။ ဒီဂိုဏ်းကိုအချက်အလက်
ယူရတာမလွယ်ဘူး။ သူစိမ်းဝင်လို့မရဘူး။ သူစိမ်းကားလည်းဝင်မရဘူး။ လမ်းထိပ်မှာမြန်မာလူကုန်ကူးဂိုဏ်းက မဟာချိုင်ပုလိပ်ကိုစောင့်ခိုင်းထားတာ။ ဒီဂိုဏ်းက မြန်မာနယ်စပ်က နေ့တိုင်း လူသွင်းနေတဲ့ဂိုဏ်းကြီး တစ်ဂိုဏ်း ပါ။
၇နှစ်အထိ သူတို့ဆီမှာ အကြွေးဆပ်နေရ သူတောင်ရှိပါသေးတယ်။လူကုန်ကူး
တဲ့ထိုင်းနဲ့မြန်မာ ဂိုဏ်းတွေ ထိုင်းနိုင်ငံအတွင်းမှာ အများကြီးရှိပါသေးတယ်"
ဟုပြောသည်။
ထို့အပြင် နောက်ထပ် မြန်မာလူကုန် ကူးဂိုဏ်းကြီး၂ဂိုဏ်းနှင့် ပြည့်တန်ဆာ
အဖြစ် ရောင်းစား ခံနေရသည့်မြန်မာမိန်းကလေး၃၀ခန့်ကို ကယ်တင်ရန် စရိတ်
လိုအပ်နေကြောင်း MAT အဖွဲ့ကပြောသည်။
မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီဝင် ထိုင်းနိုင်ငံရောက်
မြန်မာနိုင်ငံ သားများအဖွဲ့MAT သည် အလွန်သေးငယ်သည့် အဖွဲ့စည်းဖြစ်သော်
လည်း ၂၀၁၅ ခုနှစ်အတွင်း လူကုန်ကူးမှုပေါင်း ၁၄ကြိမ်တွင် လူကုန်ကူးခံရ
သူပေါင်း၁၃၉ဦးတို့အား ကယ်တင်နိုင် ခဲ့ပြီးဖြစ်သည်။ ပွဲစားပေါင်း ၆ဦးကိုလည်း
ဖမ်းဆီးနိုင်ခဲ့သည်။
၂၀၁၅ ခုနှစ် အတွက်းယခုအကြိမ်သည် အလုပ်သမားအမြောက် အများဆုံး
ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ပြီး မေလ၅ ရက်နေ့က လည်း မဟာချိုင် ပုဇွန်အလုပ်ရုံ
တစ်ရုံမှလူကုန်ကူး ခံ နေကြရသောမြန်မာအလုပ် သမား အလုပ်သမ ၄၄ဦးတို့ကို
လည်းကယ်တင်နိုင်ခဲ့ ကြပါသည်။
သတင်းဓါတ်ပုံ-မောင် ခွန် ခက် တီး
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, July 10, 2015
ထိုင်းနိုင်ငံ၊ မဟာချိုင်အခြေစိုက် မြန်မာလူကုန်ကူးဂိုဏ်းကြီးကိုလက်ရဖမ်းဆီးမိ
ထိုင်းနိုင်ငံ၊ မဟာချိုင်အခြေစိုက် မြန်မာလူကုန်ကူးဂိုဏ်းကြီးကိုလက်ရဖမ်းဆီးမိ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 10, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 10, 2015
Rating: 5
Subscribe to:
Post Comments (Atom)





No comments:
Post a Comment