CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, July 10, 2015
သွေးတိုးသူများ လေ့ကျင့်ခန်းလုပ်ရန် လမ်းညွှန်ချက်
သွေးတိုးရောဂါပြဿနာများခံစားနေရပါက လေ့ကျင့်ခန်းများလုပ် ခြင်းဖြင့် ကျန်းမာရေးအခြေအနေ တိုးတက်လာနိုင်သည်။ သွေးတိုး ရောဂါမှာ လူငယ်လူရွယ်များကြား ပိုမိုကြီးထွားလာနေသော ကျန်းမာရေးအခြေအနေတစ်ခု ဖြစ်သောကြောင့် ယင်းပြဿနာကို တားဆီးရန် အရေးကြီးသည်။
ယင်းအတွက်ကြောင့် သွေးတိုးပြဿနာရှိသူများ၏ ကျန်းမာ ရေးအခြေအနေ တိုးတက်စေရေး လေ့ကျင့်ခန်းများလုပ်ရန် အရေး ကြီးပုံကို ပညာရှင်များက ရှင်းပြထားသည်။
သွေးတိုးရောဂါ အနည်းငယ်(သို့မဟုတ်)ပြင်းထန်စွာ ခံစားနေရသူများအနေဖြင့် နှလုံးနှင့် ခန္ဓာကိုယ် ကြံ့ခိုင်မှုလေ့ကျင့်ခန်းများ နှစ်မျိုးလုံးပြုလုပ်ခြင်းကြောင့် အကျိုးကျေးဇူးများ ရရှိနိုင်သည်။ သွေးတိုးရောဂါမရှိသော လေ့ကျင့်ခန်းလုပ်သူများနှင့် အတူတူပင် လေ့ကျင့်ရမည်ဖြစ်သည်။ ခန္ဓာကိုယ်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းနှင့် နှလုံးကျန်းမာရေးလေ့ကျင့်ခန်းများ ပေါင်းစပ်လုပ်ရန် ပညာရှင်များက လမ်းညွှန်ထားသည်။
လေ့ကျင့်ခန်းပြုလုပ်ခြင်း ပိုမိုအဆင့်မြင့်လာစေရန် ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်ရမည်ဆိုသော အချက်များ အရေးကြီးသည်။ လေ့ကျင့်ခန်းလုပ်နေချိန်တွင် အသက်မရှူဘဲ မနေပါနှင့်။ လေ့ကျင့်ခန်းမလုပ်မီ သွေးပူအောင် ပြုလုပ်ခြင်း၊ လေ့ကျင့်ခန်းလုပ်နေရင်းနှင့် လေ့ကျင့်ခန်းလုပ်ပြီးချိန် အကြောလျှော့ရန် အလွန်အရေးကြီးသည်။
တစ်ကိုယ်လုံးကျန်းမာရေးအတွက် ခန္ဓာကိုယ်က အချက်ပြမှုကိုစောင့်ကြည့်ပါ။ အသက်ရှူရခက်ခဲခြင်း(သို့မဟုတ်)မူးဝေခြင်း(သို့မ ဟုတ်)ရင်ဘတ်နာကျင်ခြင်း(သို့မဟုတ်)ဖိအားရှိနေပါက လေ့ကျင့် ခန်းလုပ်နေခြင်း ချက်ချင်း ရပ်လိုက်ပါ။ ယောဂကျင့်ခြင်းနှင့် တရား ထိုင်ခြင်းတို့မှာလည်း သွေးတိုးရောဂါအတွက် အလွန်အသုံးဝင် သည်။ ပုံမှန်ယောဂကျင့်ပါက ကိုယ်ရောစိတ်ပါ ဖိအားလျှော့ချနိုင်ပြီး သွေးတိုးရောဂါကို ထိန်းချုပ်နိုင်သည်။ နေ့စဉ် ၁၀ မိနစ်မျှ တရားထိုင်ပေးခြင်းဖြင့်လည်း သွေးတိုးကျစေသည်။
7day daily
သွေးတိုးသူများ လေ့ကျင့်ခန်းလုပ်ရန် လမ်းညွှန်ချက်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 10, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 10, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment