
တကယ်ကို ကြည်နူးစရာမြင်ကွင်းလေးပါ
အပူပိုင်း အညာဒေသ သောက်သုံးရေ ပြက်လပ်နေသော ကျေးရွာများသို့ နာယက ဆရာတော် ဦးသာဂရ (ရတနာဘုံစံတောရ ဓမ္မရိပ်သာ ပုဂံမြို.)ဦးဆောင်သော ဖြူစင်မေတ္တာ ရေလှူ အသင်းသားနှင့်အတူ Rustic Pathways Myanmar Travel & Tour မှ ပုဂံသို့ အလည်အပတ်ရောက်ရှိနေသော အမေရီကန် နိုင်ငံသားများ ၏ရေကုသိုလ်တော်ပါ။
အညာမြေရဲ့ အပူကို အန်တု ကိုတိုင်ကိုကြ ရေဘောင်ဆာကားကနေ သောက်သုံးရေပြတ်လပ်နေသော ရွာသူရွာသားတွေ အိမ်ကို ဖြူစင်မေတ္တာ အသင်းသားများနှင့် အတူ ထမ်ပို့ နေကြတာ မြင်ရတော့ တကယ်ကို လေးစား အားကျ သာဓုအကြိမ်ကြိမ် ခေါ်မိပါတယ်။
သူငယ်ချင်းတို့လဲ သူတို့ရဲ့ မွန်မြတ်လှတဲ့ အလှူကို သာဓုခေါ်ပေးကြပါ။
အညာဒေသ ယနေ့ထိ မိုးကောင်းကောင်း မရွာသေးပါ။မိုခေါင်ရေရှား ကျေးရွာတော်တော်များများ အတိဒုက္ခရောက်နေပါသည်။
ပါဝင်ကုသိုလ်ပြုချင်သူများ
ဆရာတော် ဦးသာဂရ 092042505/0943060694 သို့ဆက်သွယ် လှူဒါန်းနိုင်ပါသည်
photo : Myint Lwin
No comments:
Post a Comment