Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 22, 2015

ရိုက်ပြီးသားဓါတ်ပုံကို Focus ပြန်လည်ပြောင်းလဲနိုင်မယ့် Lytro Illum




Lytro အမှတ်တံဆိပ်ရဲ့ Light Field ကင်မရာ နည်းပညာဟာ ဓါတ်ပုံဆရာတွေကို out-of-focus ဓါတ်ပုံတွေ
 ရိုက်ကူးနိုင်အောင် ဖန်တီးပေးလိုက်ပါပြီ။

အလင်းရောင် ရဲ့ လမ်းကြောင်းနဲ့ သိပ်သည်းမှု တို့ကို ရိုက်ကူးနိုင်ဖို့အတွက် Micro-lens ပေါင်း သန်းနဲ့ချီ 
အသုံးပြုထားတဲ့အတွက် Lytro ကင်မရာတွေဟာ 3D လျှပ်တစ်ပြတ် ရိုက်ချက်တွေကို ရိုက်ကူးနိုင်မှာ ဖြစ်ပြီး 
ဓါတ်ပုံတစ်ပုံရိုက်ပြီး ထို ဓါတ်ပုံရဲ့ Focus ကို ပြန်လည် ရွေးချယ်နိုင်ခွင့်မျိုးကို ဓါတ်ပုံဆရာတွေဘက်က
 ရရှိနိုင်မှာ ဖြစ်ပါတယ်။

Lytro အမှတ်တံဆိပ်မှာတော့ Illum ဟာ ထို နည်းပညာကို အသုံးပြုထားတဲ့ ဒုတိယ မြောက်ကင်မရာ
 ဖြစ်လာခဲ့ပါတယ်။ Lytro ရဲ့ မူလ ကင်မရာလို ဖန်ပြွန် သဏ္ဍာန် မဟုတ်တော့တဲ့ Illum ဟာ တစ်ကယ်တော့ 
သာမန် ကင်မရာတွေလိုပဲ Grip ၊ Physical Control တွေနဲ့ မြင်ကွင်း အတိုးအချဲ့ Zoom အတွက် ဆီလျော်တဲ့ Flash အလင်းရောင်တွေကိုလည်း ချိတ်တွဲထားပါတယ်။

အခု Illum ကင်မရာ Update မှာ ပါဝင်လာတာကတော့ အသုံးပြုသူတွေအနေနဲ့ ဓါတ်ပုံတစ်ပုံ ရိုက်ကူးပြီး
သွားတော့မှ LCD မျက်နှာပြင်ကို ထိတွေ့ကာ Refocus ပြန်လည် လုပ်ယူနိုင်ပြီး aperture ချိန်ညှိနိုင်ဖို့
အတွက် လှည့်ပြီး အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အားနည်းချက်အနေနဲ့ကတော့ Illum ရဲ့ 
အလင်းရောင်နည်းတဲ့ လုပ်ဆောင်ချက်တွေနဲ့ စတင်လုပ်ဆောင်ဖို့အချိန်ယူ ရတာတွေက ပုံမှန် 
အသုံးပြုသူတွေကို ကသိကအောင့် ဖြစ်သွားစေနိုင်ပါတယ်။

ဈေးနှုန်းအရ စတာလင်ပေါင် ၁၀၀၀ ကျသင့်မယ့် Illum ဓါတ်ပုံဆရာတွေအတွက်တော့ မတူညီတဲ့ 
ကိရိယာတစ်ခုသဖွယ် အသုံးပြုလို့ရစေနိုင်မှာဖြစ်ပြီး ဒါဟာ အနာဂါတ် ဓါတ်ပုံပညာ ရဲ့ စစ်မှန်တဲ့ ဖြစ်နိုင်ချေ 
တစ်ခုပဲ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror

No comments:

Post a Comment