Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 30, 2015

ကြံ့ခိုင်ရေးပါတီ အရင်လို အနိုင်ရဖို့ခက်

ဒေါ်အောင်ဆန်းစုကြည် (Credit: AFP) 
 နိုဝင်ဘာလ ​၈ ​ရက်နေ့မှာ ​ကျင်းပမယ့် ​ရွေးကောက်ပွဲမှာ ​ဝင်ပြိုင်ဖို့ ​ဒေါ်အောင်ဆန်းစုကြည်က ​အမတ်လောင်းအဖြစ် ​ရွေးချယ်ခံဖို့ ​မှတ်ပုံ ​တင်လိုက်ချိန်မှာပဲ ​ကြံ့ခိုင်ရေးပါတီကလည်း ​ဒီရွေးကောက်ပွဲမှာ ​အရင်တခေါက်လို ​အနိုင်ရဖို့ ​မရှိဘူးလို့ ​ပြောလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ​အရင် ​တစ်ခေါက်တုန်းက ​ရွေးကောက်ခံရတဲ့ ​ကော့မှုးမြို့နယ်မှာပဲ ​ဝင်ရောက် ​အရွေးခံမှာ ​ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ​လွှတ်တော် ​အမတ်ဖြစ်ခွင့် ​ရှိပေမယ့် ​လက်ရှိဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေအရ ​မြန်မာနိုင်ငံရဲ့ ​သမ္မတ ​ဖြစ်ခွင့်တော့ ​မရှိပါဘူး။

အမျိုးသား ​ဒီမိုကရေစီအဖွဲ့ချုပ် ​ခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကြည်က ​ကိုယ်စားလှယ် ​ဖြစ်ကြောင်း ​တရားဝင် ​သိရပေမယ့် ​NLD ​ပါတီ ​အမတ်လောင်းတွေရဲ့ ​နာမည် ​အပြည့်အစုံကိုတော့ ​မသိရသေးပါဘူး။

ဒီအချိန်က ​အမတ်လောင်း ​စာရင်း ​တင်သွင်းချိန်ဖြစ်ပြီး ​မဲဆွယ်စည်းရုံးရေးကိုတော့ ​ရွေးကောက်ပွဲ ​ကော်မရှင်က ​ခွင့်ပြုတဲ့အခါမှသာ ​လုပ်ဆောင်ရမှာ ​ဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲမှာ ​NLD ​ပါတီ ​အနိုင်ရလိမ့်မယ်လို့ ​မျှော်လင့်နေကြပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေး ​ပါတီကလည်း ​ရန်ကုန်တိုင်းမှာ ​ဝင်ပြိုင်မယ့် ​အမတ်လောင်း ​စာရင်းတွေကို ​ကြေငြာလိုက်ပြီ ​ဖြစ်ပါတယ်။

ဒါပေမဲ့ ​၂၀၁၅ ​ရွေးကောက်ပွဲမှာတော့ ​၂၀၁၀ ​ပြည့်နှစ် ​ရွေးကောက်ပွဲလို ​ကြံ့ခိုင်ရေး ​ပါတီအနေနဲ့ ​အများအပြား ​အနိုင်ရလိမ့်မယ်လို့ ​မျှော်လင့်မထားဘူးလို့ ​ကြံ့ခိုင်ဖွံ့ဖြိုးရေး ​ပါတီ ​အထွေထွေ ​အတွင်းရေးမှူး ​ဦးမောင်မောင်သိန်းက ​ပြောပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေး ​ပါတီအတွင်း ​အားပြိုင်မှုတွေ ​ရှိတယ်ဆိုတဲ့ ​ပြောဆိုမှုတွေ ​ထွက်ပေါ်ပြီးနောက် ​အခုလို ​အပြတ်အသတ် ​အနိုင်ရဖို့ ​မျှော်လင့်မထားဘူးလို့ ​ပြောဆိုလာတာပါ။

သမ္မတ ​ဦးသိန်းစိန်၊ ​စစ်ဦးစီးချုပ် ​ဗိုလ်ချုပ်မှူးကြီး ​မင်းအောင်လှိုင်နဲ့ ​လွှတ်တော်ဥက္က ​သူရဦးရွှေမန်းတို့အကြား ​အားပြိုင်မှုတွေ ​ရှိတယ်လို့လည်း ​သုံးသပ်နေကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

No comments:

Post a Comment