CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, July 9, 2015
မလေးရှားဝန်ကြီးချုပ်၏ အကျင့်ပျက်ခြစားမှုကို စုံစမ်းစစ်ဆေး
ဇူလိုင် (၈)
မကြာသေးမီက မလေးရှားဝန်ကြီးချုပ်ကို အကျင့်ပျက်ခြစားမှု၊ ငွေအလွဲသုံးစားလုပ်မှုတို့ ဖြင့် စွပ်စွဲခဲ့ပြီးနောက် ယနေ့  တွင် မလေးရှားနိုင်ငံ အာဏာပိုင်များက မြို့ တော်ကွာလာလမ်ပူရှိ နိုင်ငံတော်ရင်းနှီးမြုပ်နှံမှု ရံပုံငွေရုံးအား ၀င်ရောက် စီးနင်းခဲ့ပြီး စာရွက်စာတမ်းများကို နာရီပေါင်းများစွာကြာအောင် ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝန်ကြီးချုပ်နာဂျစ်သည် နိုင်ငံတော်ရင်းနှီးမြုပ်နှံမှုရံပုံငွေပိုင် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကို မိမိ၏ ကိုယ်ပိုင် ဘဏ်စာရင်းတွင် ထည့်သွင်းထားရှိသည်ဟု စွပ်စွဲထားခြင်းကို အပြည့်အ၀ငြင်းဆိုနေသော်လည်း စုံစမ်းစစ်ဆေးရေး အဖွဲ့ သည် ယမန်နေ့ ကလည်း ဘဏ်ငွေစာရင်း ၆-ခုကို မလှုပ်မရှားနိုင်အောင် ထိန်းချုပ်ထားလိုက်ပြီး ယင်း ငွေစာရင်းပိုင်ရှင်များအမည်ကိုမူ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိသော်လည်း ၀န်ကြီးချုပ်အမည်ဖြင့် ဖွင့်လှစ်ထား သော ဘဏ်ငွေစာရင်း ပါဝင်ခြင်းမရှိကြောင်း သိရသည်။
ဒီနေ့  နိုင်ငံတော်ရင်းနှီးမြုပ်နှံမှုရံပုံငွေကိစ္စ စုံစမ်းစစ်ဆေးနေတဲ့ တာဝန်ရှိသူအများအပြား ကျွန်တော်တို့ ဆီကို ရောက်ရှိလာပြီး စုံစမ်းစစ်ဆေးခဲ့ရာမှာ စာရွက်စာတမ်းနဲ့ အခြားအထောက်အထားအများအပြား ပြပေးခဲ့ရပါတယ်ဟု နိုင်ငံတော်ရင်းနှီးမြုပ်နှံမှုရံပုံငွေအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
နိုင်ငံတော်ရင်းနှီးမြုပ်နှံမှုရံပုံငွေအဖွဲ့ ကို ၀န်ကြီးချုပ်က ၂၀၀၉ ခုနှစ်မှစတင်တည်ထောင်ခဲ့ကာ ယနေ့ အချိန်အထိ သဘာပတိကြီးတာဝန်ကို ဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ ရံပုံငွေများကို အလွဲသုံးစားပြုလုပ်ခြင်း လုံးဝမရှိကြောင်း ငြင်းဆိုနေဆဲဖြစ်ရာ မလေးရှားခေါင်းဆောင်ဟောင်း မဟာသီယာမိုဟာမက်က မစ္စတာနာဂျစ်သည် ပြည်သူလူထု တစ်ရပ်လုံးကို မိမိအပြစ်ကင်းကြောင်း အထောက်အထားပြသသင့်သည်ဟု ပြောကြားလိုက်ကြောင်း သိရသည်။
သမန်းကျား
Lashio News Diary
https://www.facebook.com/lashio.news.city
မလေးရှားဝန်ကြီးချုပ်၏ အကျင့်ပျက်ခြစားမှုကို စုံစမ်းစစ်ဆေး
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 09, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 09, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment