Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 9, 2015

ဇာတ်ရုပ်အတွက် မျက်ခုံးမွေးနဲ့ဆံပင်ရိတ်ဖို့ အသင့်ဖြစ်နေတဲ့ နန်းခင်ဇေယျာ


 ဒါရိုက်တာညိုမင်းလွင် ရိုက်ကူးမည့် ‘အနန္တ’ရုပ်ရှင်ဇာတ် ကားအတွက် အဓိကအမျိုးသမီး သရုပ်ဆောင် ရွေးချယ်လျက်ရှိရာ ဆန်ခါတင်ရွေးချယ်ခံရသူစာရင်းတွင် အလှမယ်နန်းခင်ဇေယျာပါဝင်နေကြောင်း သတင်းရရှိသည်။

‘‘အဲဒီကားထဲက ကာရိုက် တာပုံစံလေးကိုရိုက်ချင်လို့။ အဲဒီ ကာရိုက်တာက နန်းခင်ရိုက်နေ ကျကာရိုက်တာလည်းမဟုတ် ဘူး။ အဲဒီလိုကာရိုက်တာနဲ့ဇာတ် ကားလည်း တစ်ခါမှမကြည့်ဖူး ဘူး။ နောက်ပြီး ဒီကားထဲမှာက စွန့်စွန့်စားစားရိုက်ရမှာတွေလည်း ပါတဲ့အတွက် ဝင်လျှောက်ဖြစ် တာပါ’’ဟု နန်းခင်ဇေယျာကပြော သည်။

ယင်းဇာတ်ရုပ်အတွက် ရွေးချယ်ခံရလျှင် မျက်ခုံးမွေးနှင့် ဆံပင်ကိုရိတ်ပြီး သရုပ်ဆောင် ရမည်ဖြစ်၍ ရွေးချယ်ခံရပါက ယင်းစည်းမျဉ်းစည်းကမ်းအတိုင်းလိုက်နာကာ သရုပ်ဆောင်မည်ဟု နန်းခင်ဇေယျာကဆိုသည်။

‘‘မင်းသမီးအနေနဲ့ ခေါင်းတုံးတုံးရမှာ စိန်ခေါ်မှုအကြီးစားကြီးပါ။ ဒါပေမဲ့ နန်းခင်အတွက်တော့ ကိစ္စမရှိပါဘူး။ ဆံပင်ကထားလို့ရ တယ်။ ဒီလိုကားမျိုးက ကိုယ် ဘယ်အချိန်ပြန်ရိုက်ရမလဲမသိ ဘူး။ နောက်ပြီး ခုခေတ်က ဆံပင်အတုတွေလည်း များလာပြီဆိုတော့ နောက်ကားတွေရိုက်ရင် လည်း ဆံပင်တွေအဆင်သင့်ရှိမှာ ပါ’’ဟု နန်းခင်ဇေယျာက ပြော သည်။ ယင်းဇာတ်ကားအတွက် Notra ဇာတ်ကောင်နေရာတွင် သရုပ်ဆောင်မည့်အမျိုးသမီး သရုပ်ဆောင်ရွေးချယ်ရန် ဒါရိုက် တာညိုမင်းလွင်က ၎င်း၏ဖေ့စ် ဘွတ်ခ်မှတစ်ဆင့် ဒိုင်လူကြီးများ ရွေးချယ်ခဲ့သည်။ ဆန်ခါတင် ရွေးချယ်ထားသည့် အမျိုးသမီး သရုပ်ဆောင်များကိုလည်း ဖေ့စ် ဘွတ်ခ်က ကြေညာပေးလျက်ရှိ သည်။

ဇူလိုင် ၈ ရက်အထိ Notra နေရာတွင်သရုပ်ဆောင်ရန် နန်းခင်ဇေယျာအပါအဝင် ဆန်ခါတင် အမျိုးသမီးလေးဦးကို ကြေညာထားသည်။

‘‘ကစားပွဲတစ်ခုလိုစဉ်းစား မယ်ဆိုရင် ဒါက ဘေးကကြည့်နေ ရသူတွေကိုပါ ရင်ခုန်စေနိုင်တဲ့ စိန်ခေါ်မှုတစ်ခုဖြစ်လာပါလိမ့် မယ်။ အသစ်တွေရဲ့စွန့်စားလို စိတ်ကို ကျွန်တော်တို့အားလုံး လေးလေးနက်နက် ချီးကျူးဂုဏ် ပြုရမှာဖြစ်သလို Notra ဆိုတာ ဘာမှန်းမသိရခင်ကတည်းက ယုံကြည်မှုတစ်ခုတည်းနဲ့ တစ်ပြေး ညီကြိုးစားပါဝင်လာခဲ့တဲ့သူ့ရဲ့ သတ္တိကို
7daydaily

No comments:

Post a Comment