CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, July 11, 2015
ပန်းဂေါ်ဖီစိမ်း၏ ကောင်းကျိုးအာနိသင်များ
ပန်းဂေါ်ဖီစိမ်းဟာကမ္ဘာပေါ်ရှိ ပေါ်ပြူလာအဖြစ်ဆုံးအသီးရွက်များတွင်တစ်ခုအပါအ၀င်ဖြစ်ပြီးသူ့ကို အစိမ်းလိုက်သော်လည်းကောင်း ၊ ဟင်းလျာများတွင် ထည့်၍ ချက်ပြုတ်ခြင်းဖြင့်လည်းကောင်း၊ ကြော်စားခြင်းဖြင့်လည်းကောင်းအမျိုးမျိုးစားသုံးကြတာ တွေ့ရပါတယ်။သို့သော်ပန်းဂေါ်ဖီစိမ်း၏ အာဟာရဆိုင်ရာမူလအာနိသင်ကိုမပျောက်ပျက်စေတဲ့အကောင်းဆုံးစားသုံးနည်းကတော့ ရေနွေးဖျောကာ တို့စရာအဖြစ်စားသုံးခြင်း သို့ သုပ်စားခြင်းတို့ ဖြစ်ပါတယ်။
ပန်းဂေါ်ဖီစိမ်းကို ကြာရှည်လေ့လာစောင့်ကြည့်သောအခါ ကျန်းမာရေးတွက် အကောင်းဆုံး အစားအစာ ဖြစ်ကြောင်းတွေ့ရှိရပြီး အကျိုးအာနိသင် များပြားလှသော သံဓါတ်အမြောက်အမြား၊ ပရိုတင်း၊ ခရိုမီယမ်၊ ကယ်လစီယမ်၊ ကာဗွန်ဟိုက်ဒရိတ်၊ ဗီတာမင် အေ နှင့် စီတို့ အများအပြား ပါဝင်ကြောင်း တွေ့ရှိရပါတယ်။
ဒါ့ပြင်ပန်းဂေါ်ဖီစိမ်းတွင်ကျန်းမာရေးဆိုင်ရာအဓိကကျသောPhytochemicals ဒြပ်ပေါင်းများနှင့် Antioxidantsများပါဝင်နေခြင်းကြောင့်အမျိုးမျိုးသောဖျားနာခြင်း နှင့် ရောဂါကူးစက်ပိုးဝင်ရောက်ခြင်းများကို ခုခံတိုက်ထုတ်ပေးနိုင်စွမ်းရှိကြောင်း တွေ့ရပါတယ်။
ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီနဲ့ ဘရိုကိုလီ (အစိမ်းရောင်ပန်းဂေါ်ဖီ) လိုမျိုး Cruciferous အမျိုးအစားဝင် ဟင်းသီးဟင်းရွက်တွေကို အနည်းဆုံး တစ်ပတ်တစ်ကြိမ် စားတာကြောင့် ကင်ဆာဖြစ်နိုင်ခြေကို ဖြတ်တောက်နိုင်ကြောင်း သုတေသီတွေက ဆိုပါတယ်။ ယခင်လေ့လာမှုအရလည်း ဘရိုကိုလီ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ဂေါ်ဖီလုံး၊ ကန်စွန်းရွက်နဲ့ မုန်လာဥလိုမျိုး Cruciferous အမျိုးအစား ဟင်းသီးဟင်းရွက်တွေ စားတာကြောင့် ကင်ဆာဆဲလ်တွေကို သတ်ပစ်နိုင်ပြီး ဆေးဝါးအသစ်တွေ ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
အထူးသဖြင့် ဘရိုကိုလီမှာပါဝင်တဲ့ ဆာဖိုရက်ဖိန်းဟာ ဆီးကျိတ်ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်နိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ယခုလေ့လာမှုအရ Cruciferous အမျိုးအစား ဟင်းသီးဟင်းရွက်ကို အနည်းဆုံး တစ်ပတ်တစ်ကြိမ် စားသူတွေဟာ မစားသူတွေထက် ခံတွင်းကင်ဆာဖြစ်နိုင်ခြေ ၁၇ ရာခိုင်နှုန်း၊ အစာမျိုပြွန်ကင်ဆာ ဖြစ်နိုင်ခြေ ၂၈ ရာခိုင်နှုန်း၊ အူမကြီးနဲ့ သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေ ၁၇ ရာခိုင်နှုန်းနဲ့ ကျောက်ကပ်ကင်ဆာ ဖြစ်နိုင်ခြေ ၃၂ ရာခိုင်နှုန်း လျှော့ချနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။
Antioxidants များပါဝင်ခြင်းကြောင့် အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးနိုင်ခြင်း၊ အမျှင်ဓါတ်များ ပါဝင်ခြင်းကြောင့် အစာကြေလွယ်ခြင်း၊ ၀မ်းချုပ်ခြင်းမှ ကာကွယ်ခြင်း၊ခန္ဓာကိုယ်မှ uric acid ကဲ့သို့သော အဆိပ်တောက်များကို ဖယ်ရှားပေးခြင်း၊ဆီးချိုရောဂါကို ထိန်းညှိပေးခြင်း၊ခန္ဓာကိုယ်၏ ခုခံကာကွယ်မှုစနစ်ကို အားကောင်းစေခြင်း၊မျက်လုံး အားကောင်းစေခြင်း၊ အတွင်းတိမ် ဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း၊အသားရေ စိုပြေလှပစေခြင်း၊အရိုးများကို သန်မာအားကောင်းစေခြင်း၊ အရိုးပွရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း၊သံဓါတ်အများပြား ပါဝင်မှုကြောင့် သွေးအားနည်းရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း၊ကိုယ်အလေးချိန် လျော့ကျစေခြင်း။ တို့ ဖြစ်ပါတယ်။
ဒါကြောင့် ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးအာနိသင်ကို ပေးစွမ်းသော ပန်းဂေါ်ဖီစိမ်းကို တစ်ပတ် နှစ်ခါလောက် စားသုံးသင့်ပါကြောင်း အကြံပြုလိုက်ရပါတယ်။
( NSD )
#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com
Ref : Medical News Today
ပန်းဂေါ်ဖီစိမ်း၏ ကောင်းကျိုးအာနိသင်များ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 11, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 11, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment