ဒီလိပ်ဟာ ဆူးချွန်တွေနဲ့ ပြည့်နေပြီး နှုတ်သီးချွန်ထက်တဲ့ ဒိုင်နိုဆောအသေးစားလေးနဲ့တူပါတယ်။ သူ့ကို ရုရှားအရှေ့ဘက် မြစ်တစ်ခုအတွင်းမှာ တွေ့ရှိခဲ့ရပြီး လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဓါတ်ပုံတွေတင်ထားခဲ့တာဖြစ်ပါတယ်။
Leninskoye ဒေသအနားမှာရှိတဲ့ Amur မြစ်ကမ်းနားဘေးမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဒီလိပ်ကို ရှာဖွေတွေ့ရှိခဲ့တဲ့ Anastasia Steshina က “ ကျွန်မတို့ သူ့ကိုတွေ့ခါစက ဒါဟာ လိပ်တစ်ကောင်ဆိုတာ ဘယ်လိုမှ စဉ်းစားလို့မရခဲ့ပါဘူး။ ဒိုင်နိုဆောတစ်ကောင်ပဲ ဖြစ်မယ်လို့ တွေးနေကြတာပါ” လို့ သတင်းဌာနကို ပြောပြခဲ့ပါတယ်။
“သူက ကြောက်စရာကောင်းရုံတင်မကဘူး သစ်ကိုင်းတွေကိုလည်း သူ့မေးရိုးကြီးတွေနဲ့ ကိုက်ဖြတ်ပြီး ကျွန်မတို့ကို တိုက်ခိုက်ဖို့ကြိုးစားခဲ့တယ်။ ပြီးတော့ မြေကြီးပေါ်မှာလည်း တွားသွားနိုင်ပြီး သူ့ရဲ့လက်သည်းကြီးတွေကလည်း အကြီးကြီးတွေပဲ “ လို့ပြောသွားခဲ့ပါသေးတယ်။
ဒီလိပ်မျိုးနွယ်ဟာ Alligator Snapping Turtle အမျိုးအစားဖြစ်ပြီး သူ့ဒေသကနေ တော်တော်ဝေးဝေး ရောက်ရှိလာတာဖြစ်ပါတယ်။ National Geographic အဆိုအရ ရေချို လိပ်မျိုးနွယ်ကို အထူးသဖြင့် အမေရိကန် အရှေ့တောင်ပိုင်းက လျှိုမြောင်၊ မြစ်၊ ချောင်းတွေနဲ့ ရေကန်တွေအတွင်းမှာသာ တွေ့ရှိရတတ်ပါသတဲ့။
NatGeo ရဲ့အဆိုအရ ဒီလိပ်မျိုးတွေဟာ အသက် ၅၀ ကနေ ၁၀၀ အထိ အသက်ရှင်နေထိုင်နိုင်တယ်လို့ ဆိုပါတယ်။ အထီးတွေက ၁၇၅ ပေါင်ကနေ ပေါင် ၂၂၀အထိ အလေးချိန်ရှိပြီး ၂၆လက်မအရှည်ရှိတဲ့ အခွံတွေပိုင်ဆိုင်ပါသတဲ့။ အမတွေကတော့ အနည်းငယ်ပိုသေးပြီး ပေါင် ၅၀ ၀န်းကျင်သာ ရှိပါတယ်။
မာရီယိုဂိမ်းတွေမှာပါတဲ့ Nintendo ဆိုတဲ့ ဇာတ်ကောင်ဟာလည်း ဒီ Alligator Snapping Turtle မျိုးနွယ် လိပ်ရဲ့ပုံစံကို အခြေခံထားတာဖြစ်ပါတယ်။
Siberian Times သတင်းအဆိုအရ တစ်စုံတစ်ယောက်က သူမွေးထားတဲ့ ဒီလိပ်ဟာ အရမ်းကြီးထွားလာတာကြောင့် မြစ်ထဲကို စွန့်ပစ်ခဲ့တာဖြစ်မယ်လို့ ဆိုပါတယ်။ မြစ်တစ်ဘက်ကမ်းမှာ ရှိတဲ့ တရုတ်လူမျိုးတွေဟာ ဒီလိပ်မျိုးတွေကို အသားနဲ့ ဥတွေစားဖို့အတွက် မွေးထားတာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
“ ကျွန်မတို့ သူ့ကို ထိခိုက်နာကြင်အောင် လုပ်တယ်ဆိုတာ ကောလဟာလတွေပါ. သူ့ကိုဘာမှ မလုပ်ပါဘူး တစ်ယောက်ယောက်က သတ်မစားရအောင် ရေထဲကို ပြန်ချပေးဖို့ ကြိုးစားခဲ့တာဖြစ်ပြီး အဝေးကို ရေကူးသွားခဲ့တာ ဖြစ်ပါတယ်” လို့ Steshina က Siberian Times ကို ပြောပြခဲ့ပါတယ်။
Thithtoolwin
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, July 11, 2015
Dinosaur Turtle အမည်ရှိတဲ့ လိပ်မျိုးနွယ်တစ်မျိုးကို ထူးဆန်းစွာတွေ့ရှိ
Dinosaur Turtle အမည်ရှိတဲ့ လိပ်မျိုးနွယ်တစ်မျိုးကို ထူးဆန်းစွာတွေ့ရှိ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 11, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment