Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 21, 2015

ကမ္ဘာ့ပထမဆုံး စက်ရုပ်ဟိုတယ်ကို ဂျပန်နိုင်ငံ နာဂါဆာကီ စီရင်စုတွင် စတင်ဖွင့်လှစ်




တိုကျို ၊ ၂ဝ-၇-၂ဝ၁၅

ဂျပန်နိုင်ငံ၌ ကမ္ဘာ့ ပထမဆုံး စက်ရုပ် ဟိုတယ်ကို နာဂါဆာကီ စီရင်စုတွင် ယခုရက် သတ္တပတ် အတွင်း စတင်ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။

ကြယ်ငါးပွင့် အဆင့်ရှိပြီး Henn-na အမည်ရှိ အဆိုပါ ဟိုတယ်တွင် စက်ရုပ်များ ဖြင့်သာ လုပ်ငန်းများကို လည်ပတ် လုပ်ဆောင် ခြင်းဖြစ်ပြီး ယင်း ဟိုတယ်သို့ လူအများအပြား လာရောက် တည်းခိုလျက် ရှိကြောင်း သိရသည်။ ယင်း ဟိုတယ်၌ ဂျပန်ဘာသာ စကား ပြောဆိုတတ်သည့် ဧည့်သည်များကို လူသား စက်ရုပ်က ဧည့်ခံ ကြိုဆိုပြီး အင်္ဂလိပ် ဘာသာစကား ပြောဆိုသည့် နိုင်ငံခြားသား ဧည့်သည် များကို ဒိုင်နိုဆော စက်ရုပ်များက ကြိုဆိုလျက် ရှိကြောင်း သိရသည်။

အဆိုပါ ဟိုတယ်သည် လက်ရှိ အချိန်၌ ပထမထပ်သာ ဖွင့်လှစ်ထား နိုင်ပြီး အခန်း ၇၂ ခန်းပါရှိကြောင်းနှင့် ဒုတိယ အထပ်ကို ၂ဝ၁၆ ခုနှစ်တွင် အခြားအခန်း ၇၂ ခန်းနှင့် အတူ ဖွင့်လှစ်နိုင်ရန် စီစဉ် ထားကြောင်း သိရသည်။

အဆိုပါ ဟိုတယ် တစ်ခုလုံး၏ ဝန်ဆောင်မှု ၉ဝ ရာခိုင်နှုန်းကို စက်ရုပ်များ ကသာ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် လာမည့် အနာဂတ် ကာလတွင်လည်း ယင်းကဲ့သို့သော ဟိုတယ် ၁ဝဝဝ နီးပါးခန့်ကို ကမ္ဘာတစ်ဝန်း တွင် တည်ဆောက် သွားမည်ဟု ဂျပန် သတင်းဌာန တစ်ခု ဖြစ်သည့် Nikkei က ပြောကြား ထားသည်။

A tour of the world’s first robot-staffed hotel

#PyiChitThar

No comments:

Post a Comment