
Islamic State (IS) က ဝါဒဖြန့်တဲ့ ဗွီဒီယိုဖိုင်တစ်ခုမှာ သူတို့ ဖောက်ခွဲပစ္စည်းတွေကို ကြက်တွေမှာ စည်းပတ်ချည်နှောင်ထားပြီး အဝေးထိန်းစနစ်နဲ့ မဖောက်ခွဲခင် ရန်သူ့စခန်းသို့ လျှောက်သွားခိုင်းကြောင်း အတိအလင်း ဖော်ဆိုထားပါတယ်။
အကြိမ်တစ်ရာမက share ခဲ့သော ဒီဓာတ်ပုံတွေဟာ Isis တွေ တကယ်လုပ်ခဲ့သလား ဒါမှမဟုတ် အတုတွေလားဆိုတာ အသေအချာ မသိရပါဘူး။
သို့သော် Kurdish စစ်သားတွေနဲ့အတူ Isis အဖွဲ့အား ခုခံ တိုက်ခိုက်နေတဲ့ အမည်ဖော်ပြမထားသူ ဗြိတိသျှအမျိုးသားတစ်ဦးက Isis တွေအနေနဲ့ သေကြေပျက်စီးစေနိုင်တဲ့ ဘယ်အရာမဆို သုံးကြမယ့်သူတွေပဲ။ တိရိစ္ဆာန်ကို အသုံးပြုတာ စစ်တပ် တန်ဖိုးမဲ့ပါတယ်။ အဲဒါဟာ လူတွေကို သတ်ဖြတ် သုတ်သင်ဖို့ စိတ်ကူးနေတဲ့ သူတို့စိတ်ဓာတ်တွေ ဘယ်လောက် ကောက်ကျစ်ရုပ်မာလဲဆိုတဲ့ နောက်သာဓက တစ်ခုပဲဖြစ်တယ် လို့ Daily Star သတင်းဌာနကို ပြောပြခဲ့ပါတယ်။
Ref: Metro
http://www.trend.com.mm/
No comments:
Post a Comment