A space rock worth $5.4 trillion is flying by Earth this weekend -- here's how to watch
ဝါရှင်တန် ၊ ၂၁-၇-၂၀၁၅
ဥက္ကာပျံအမှတ် 2011 UW-158 သည် ဇူလိုင် ၁၉ ရက်က ကမ္ဘာနှင့် နီးကပ်စွာ ဖြတ်သန်း သွားခဲ့ရာ ၄င်း ဥက္ကာပျံသည် တန်ဖိုး ကြီးမားသော ပလက်တီနမ် တို့ဖြင့် ပြည့်နှက် နေသည့်အတွက် ကာလတန်ဖိုး အားဖြင့် အမေရိကန် ဒေါ်လာ ၅ ဒသမ ၄ ထရီလီယံ ထက်မနည်း တန်ဖိုး ရှိကြောင်း နာဆာသိပ္ပံ ပညာရှင် များက ပြောပြသည်။
''ဥက္ကာပျံတွေက အပြင်ပန်း အမြင်အရ မက်လောက်စရာ မရှိပေမယ့် ဒီ 2011 UW-158 ကတော့ ပလက်တီနမ် ခဲကြီး ဖြစ်နေတဲ့ အတွက် ဖြစ်နိုင်ရင် ကမ္ဘာပေါ် ကိုတောင် ဆွဲချထား လိုက်ချင် ပါတယ်။ ပလက်တီနမ် ဟာ ကမ္ဘာပေါ်မှာ အလွန်ရှားပါးတဲ့ အတွက် ရွှေဖြူလို့ တောင် တင်စား ခေါ်ဝေါ် ကြပါတယ်။ ပလက်တီနမ် ၁ဝဝဝ ကုဗ စင်တီမီတာကို အမေရိကန် ဒေါ်လာ တစ်သန်း တန်ပါတယ်'' ဟု နာဆာ သိပ္ပံပညာရှင် တစ်ဦးက ပြောပြသည်။
ဥက္ကာပျံ များသည် ကျောက်သား အစိုင်အခဲ များသာ ဖြစ်သော်လည်း အများစုတွင် ပလက်တီနမ် အနည်းနှင့် အများ ပါရှိတတ်ကြောင်း၊ ထို့ကြောင့် အာကာသ စူးစမ်း လေ့လာရေးတွင် ဥက္ကာပျံ များကိုလည်း အထူး စိတ်ဝင်တစား စူးစမ်းလေ့လာ နေကြခြင်း ဖြစ်ပြီး ကြယ်တံခွန် များပေါ်တွင်လည်း ပလက်တီနမ် ပါဝင်နိုင်သည်ဟု ယူဆ ထားကြောင်း သိရသည်။
''ဥက္ကာပျံ အများစုမှာ ပလက်တီနမ် ပါဝင်တယ် ဆိုတာကို ကျွန်တော်တို့ သိပေမယ့် အဲဒီ ပလက်တီနမ် တွေကို ဘယ်လိုတူးဖော် ရမယ်ဆိုတဲ့ နည်းပညာတော့ မရှိသေးပါဘူး။ ဒါပြင် ကမ္ဘာနဲ့ အနီးဆုံး ချဉ်းကပ်လာတယ် ဆိုရင်ကို အဲဒီ ဥက္ကာပျံဟာ မိုင်ပေါင်း ၁ ဒသမ ၅ သန်း ကွာဝေးနေဦး မှာပါ။ လနဲ့ကမ္ဘာ အကွာအဝေး ထက်ကို ခြောက်ဆလောက် ပိုနေ ပါသေးတယ် '' ဟု သုတေသီ တစ်ဦးက ပြောပြသည်။
ဥက္ကာပျံအမှတ် 2011 UW-158 သည် အကျယ် ၁၅ဝဝ ပေခန့်သာ ရှိသော ဥက္ကာပျံ ငယ်လေး ဖြစ်ကြောင်း၊ တစ်လက်မ ခန့်သာရှိသော အရာဝတ္ထု တစ်ခုကို တစ်မိုင်ခန့်  အဝေးမှ သဘာဝ မျက်လုံးအားဖြင့် မြင်နိုင်မည် မဟုတ်ဘဲ အားကောင်းသော မှန်ဘီလူးများ ရှိရန် လိုအပ်သကဲ့သို့ ၄င်း ဥက္ကာပျံကိုလည်း ကမ္ဘာပေါ်မှ ကနေရီကျွန်း ပေါ်ရှိ ဧရာမ နက္ခတာရာကြည့် မျှော်စင်ပေါ်မှ လေ့လာ ကြည့်ရှု ခဲ့ရခြင်းဖြစ်သည်။
ဥက္ကာပျံ ဖြတ်သန်း သွားပုံကို သက်ဆိုင်ရာက ရုပ်သံလိုင်းများ ပေါ်မှ တိုက်ရိုက် ထုတ်လွှင့်ပြသ ခဲ့ပြီး ဒေါ်လာ သန်းပေါင်း များစွာ တန်ဖိုးရှိသော ပလက်တီနမ် ဥက္ကာပျံ တစ်စီး ဖြတ်သန်း သွားသည်ကို နှမြောတသစွာ ကြည့်ရှုခဲ့ ရကြောင်း သိရသည်။
#PyiChitThar
No comments:
Post a Comment