CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, July 16, 2015
မနက်စာ စားနည်း အမှားများ
မနက်စာဟာ လူတစ်ယောက်အတွက် လွန်စွာ အရေးပါလှပါတယ်။ မနက်စာကို အာဟာရပြည့်မီအောင် စားပေးတဲ့သူတွေဟာ ကျန်းမာရေးအတွက် စိတ်ပူစရာ သိပ်မလိုဘဲ၊ မလိုအပ်ပဲနဲ့လည်း ဖျားနာတာမျိုးတွေ ဖြစ်လေ့မရှိပါဘူး။ ဒီတော့ မနက်စာစားမယ်ဆိုရင် ပြုလုပ်ပုံ၊ ပြုလုပ်နည်း နဲ့ စားသောက်ပုံလေးတွေ မှားနေတာမျိုးတွေ ရှိနေတာကြောင့် အဲ့ဒီအမှားတွေက ဘာတွေများ ဖြစ်မလဲဆိုတာ ကြည့်လိုက်ကြရအောင်။
၁။အာဟာရမျိုးစုံပေါင်းထည့်ထားတဲ့ cereal ထုတ်တွေကို ဖွင့်တဲ့အခါ ထိပ်ဘက်က မဖွင့်ဘဲ အောက်ဘက်ကနေ ဖွင့်ရမှာပါ။ ပြီးတဲ့အခါ ထုတ်မယ့် ပမာဏကိုလည်း သေချာ သတ်သတ်မှတ်မှတ်ရှိပါစေ။
၂။ကော်ဖီသောက်ပြီး ဒိန်ချဉ်စားမယ့်အစား နှစ်ခုရောပြီးဖျော်သောက်ရမှာပါ။ ရေခဲထည့်ပြီးတော့လည်း ဖျော်နိုင်ပါတယ်။ အရသာကို ချိန်ညှိပြီး သကြားထည့်ချင်ရင် ထပ်ထည့်နိုင်ပါတယ်။
၃။cereal ဗူးတွေထဲက ခွက်ထဲကို ထည့်တဲ့အခါ သတ်မှတ်ထားတဲ့ ဇွန်းကို သုံးသင့်ပါတယ်။ ဗူးလိုက်ကြီး စောင်းထည့်တာမျိုးတွေ မဖြစ်သင့်ပါဘူး။ ပမာဏကို သတ်မှတ်ပြီး စားဖို့လိုပါတယ်။
၎။cereal ကို ခွက်ထဲ အရင်ထည့်မယ်အစား နို့ကို အရင်ထည့်ပြီးမှ cereal ထည့်ရင် ပိုကောင်းပါတယ်။
၅။ကော်ဖီကို လေးငါးခွက်စာ စုဖျော်ပြီး သောက်တာဟာ တစ်ခွက်ချင်းစီ ရေနွေးထည့်သောက်တာထက် ပိုကောင်းပါတယ်။
၆။ငှက်ပျောသီးကို ပေါင်မုန့်ထဲ ထည့်စားတဲ့အခါ အကွင်းလိုက်လှီးထည့်စားတာထက် အလုံးလိုက် ထည့်စားတာက ကျန်းမာရေးအတွက် ပိုသင့်တော်ပါတယ်။
၇။မနက်အစောကြီး ဖျော်ရည်သောက်တာထက်စာရင် ရေသောက်တာက ကျန်းမာရေးအတွက် ပိုကောင်းပါတယ်။
၈။ဖျော်ရည်ဖျော်ပြီး ရေခဲပေါင်းထည့်သောက်တာထက် တစ်ချက်တည်း ရေခဲရော၊ အသီးပါ ပေါင်းဖျော်လိုက်ခြင်းဟာ ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။
trend myanmar
မနက်စာ စားနည်း အမှားများ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 16, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 16, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment