CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, July 26, 2015
လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရပါက ပညာရေးကို အဓိက ဦးစားပေး ဆောင်ရွက်မည်ဟု ပါမောက္ခချုပ် ဒေါက်တာအောင်သူဆို
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည့် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာအောင်သူက လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရပါက ပညာရေးကိုအဓိက ဦးစားပေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။
“ပညာရေးက ငယ်ငယ်ကတည်းက လုပ်လာတာဆိုတော့ ကိုယ်စားလှယ် ဖြစ်သွားရင်တော့ ကိုယ်ကျွမ်းကျင်တဲ့ ပညာရေးကို
အလေးပေး ဆောင်ရွက်သွားမှာပါ။ ဒါပေမဲ့ ဘယ်အပိုင်းကို လုပ်ရမလဲ ဆိုတာတော့ ဩဂုတ်လဆန်းပိုင်းမှသာ NLD
ပါတီနဲ့ ဆွေးနွေးမှုတွေ လုပ်ရမှာပါ” ဟု ဒေါက်တာအောင်သူက ပြောသည်။
ဒေါက်တာအောင်သူအနေဖြင့် ဇူလိုင်လကုန်အထိ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်အနေဖြင့် ဆက်လက် ရှိနေမည်ဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်ကို ဩဂုတ်လဆန်းပိုင်း မှသာ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။
]ပါတီနိုင်ငံရေး လုပ်မယ်ဆိုတော့ နိုင်ငံ့ဝန်ထမ်းကနေ ရုပ်သိမ်းပေးဖို့ ပညာရေးဝန်ကြီးဌာနကို လျှောက်ထား ပါတယ်။ ဝန်ကြီးဌာနကလည်း ဖိအား ပေးတာမျိုး မရှိပါဘူး။ ကျန်းမာရေးကောင်းတဲ့ အချိန်နဲ့ ပင်စင်ယူပြီးရင် ကိုယ်တတ်ထားတဲ့ ပညာနဲ့ နိုင်ငံတော် တိုးတက်ဖို့လုပ်ချင်လို့ ကိုယ်စားလှယ် လောင်းအဖြစ် ဝင်ရောက်ရွေးချယ်ခံတာပါ” ဟု ဒေါက်တာအောင်သူက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ၂၀၁၅ ရွေးကောက်ပွဲတွင် တတ်သိပညာရှင်များကို NLD မှ ဝင်ရောက် အရွေးခံရန် ဖိတ်ခေါ်ထားသည်။
ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်သူသည် ၂၀၁၅ ခု နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် အသက် ၆၀ ပြည့် ပင်စင်ယူတော့ မည်ဖြစ်ပြီး အချိန်ပိုင်းနည်းပြ၊ လက်ထောက်ကထိက၊ ကထိက ဒုတိယ ပါမောက္ခချုပ်၊ အဆင့်မြင့်ပညာဦးစီးဌာန (အောက် မြန်မာပြည်) ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ပါမောက္ခချုပ်ရာထူး တာဝန် များကို ထမ်းဆောင်ခဲ့ကြောင်း သိရ သည်။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်၊ ၈၈ မျိုးဆက် ကျောင်း သားများ၊ တတ်သိပညာရှင်များ ပါဝင်လာသည့်အတွက် လက်ရှိအာဏာရ ပါတီအတွက် စိန်ခေါ်မှုဖြစ်လာမည် ဖြစ်ကြောင်း လည်း နိုင်ငံရေးလေ့လာသူများက သုံးသပ်နေကြသည်။
The Ladies News Journal
https://www.facebook.com/News.TheLadies
လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရပါက ပညာရေးကို အဓိက ဦးစားပေး ဆောင်ရွက်မည်ဟု ပါမောက္ခချုပ် ဒေါက်တာအောင်သူဆို
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 26, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 26, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment