ဒေါက်တာထွန်းလွင်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ကချင်ပြည်နယ် နဲ့စစ်ကိုင်းတိုင်းအထက်ပိုင်းတို့တွင်ရေကြီးရခြင်းအကြောင်း/
၂၅-၇-၂၀၁၅
ညနေ (၆း၅၇)နာရီ။
(၁) မြောက်ပစိဖိတ်သမုဒ္ဒယာအနောက်ပိုင်းတွင်ဖြစ်ပေါ်နေခဲ့သောတိုင်ဖွန်းမုန်တိုင်း Halola ဟာ မြောက်ဖက်တည့်တည့်ကိုရွေ့နေပါတယ်။ အဲဒီအခါမှာ B C Connection အရ
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းရှိ မုတ်သုံလေဖိအားနည်းချိုင့်ဝှမ်း(Monsoon Trough) ဟာလည်း
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းရေပြင်ပေါ်မှမြောက်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုန်းပေါ်ကိုတက်သွားခဲ့ပါတယ်။ အဲဒီအခါ မုတ်သုံလေဖိအားနည်းချိုင်းဝှမ်းဟာ
မြန်မာနိုင်ငံမြောက်ပိုင်းဒေသများကို မိုးကြီးစေပါတော့တယ်။
(၂) မုတ်သုံလေဖိအားနည်းချိုင့်ဝှမ်းမြောက်ဖက်ကိုရွေ့သွားစေခဲ့တဲ့အတွက်ကြောင့်
မြန်မာနိုင်ငံတွင် မြောက်ပိုင်းဒေသများဖြစ်ကြသောချင်းပြည်နယ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မန္တလေး
တိုင်းမြောက်ပိုင်းစွန်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေကို
မိုးသည်းထန်စွာရွာသွန်းစေခဲ့ပါတယ်။
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, July 25, 2015
တနိုင်ငံလုံး ရေဘာကြောင့် ကြီးနေရသလဲ
တနိုင်ငံလုံး ရေဘာကြောင့် ကြီးနေရသလဲ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 25, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 25, 2015
Rating: 5
Subscribe to:
Post Comments (Atom)


No comments:
Post a Comment