Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 21, 2015

ယူရို တစ်ဘီလီယံကျော် ကုန်ကျထားသည့် လေဆိပ်တစ်ခုကို ယူရို ၁၀၀၀ ဖြင့် တရုတ်စီးပွားရေး လုပ်ငန်းရှင်အဖွဲ့က ၀ယ်ယူ

Spanish ghost airport costing 1B euros attracts offer of just 10,000 euros 


မက်ဒရစ် ၊ ၂၁-၇-၂၀၁၅

တရုတ် ရင်းနှီးမြုပ်နှံမှု စီးပွားရေး လုပ်ငန်းရှင် အဖွဲ့တစ်ဖွဲ့ သည် စပိန်နိုင်ငံ အလယ်ပိုင်းရှိ အသုံးပြုခြင်း မရှိသည့် လေဆိပ် တစ်ခုကို ယူရို ၁ဝဝဝဝ ဖြင့် ဝယ်ယူ နိုင်ခဲ့ကြောင်း ဗြိတိန် သတင်းဌာန တစ်ခု က ယမန်နေ့တွင် ဖော်ပြခဲ့သည်။

အဆိုပါ စီးပွားရေး လုပ်ငန်းရှင်များ အဖွဲ့သည် မက်ဒရစ် မြို့တော် တောင်ပိုင်းရှိ ဆူအူဒယ် ရီးယဲလ် လေဆိပ်ကို လေလံပွဲ တစ်ခု၌ ဝယ်ယူနိုင်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ လေဆိပ်ကို တရုတ်ကုမ္ပဏီ ပိုင်ရှင်များ က ဥရောပတိုက်သို့ ထိုးဖောက်ရာ အဓိက အချက်အချာ တစ်ခု အဖြစ် အသုံးပြုရန် စီစဉ်ထားသည်။

ယင်း လေဆိပ်သည် မက်ဒရစ် မြို့တော် တောင်ပိုင်းမှ ၂၃၅ ကီလိုမီတာ အကွာတွင် တည်ရှိပြီး အသုံး မပြုဘဲ ထားသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း၊ ယင်းလေဆိပ်ကို တည်ဆောက်ရန် ယူရို တစ်ဘီလီယံ ကျော်ကို အသုံးပြုခဲ့ ရကြောင်း ဘီဘီစီ သတင်းဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ လေဆိပ်ကို စပိန် အစိုးရက၂ဝဝ၈ ခုနှစ်အတွင်းက စတင်ဖွင့်လှစ် ခဲ့ခြင်းဖြစ်ပြီး ယင်း နောက်ပိုင်း သက်ဆိုင်ရာ ကုမ္ပဏီများ ဒေဝါလီခံ ခဲ့ခြင်းကြောင့် ဆက်လက် တည်ဆောက် နိုင်ခြင်း မရှိသည့် အပြင် အသုံးမပြုဘဲ စွန့်ပစ်ခံခဲ့ ရခြင်း ဖြစ်ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment