Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, June 26, 2015

ONE: KING-DOM OF WARRIORSကမ္ဘာချန်ပီယံလုပွဲ ရန်ကုန်မှာ ကျင်းပမည်


ကိုယ်ခံပညာနှင့် ပတ်သက်၍ အာရှ၏ အကြီးဆုံးပြိုင်ပွဲကြီး “ONE: KING-DOM OF WARRIORS” ကမ္ဘာ့ ချန်ပီယံလုပွဲကို လာမည့် ဇူလိုင်လ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံတွင် ကျင်းပမည် ဟု ပြိုင်ပွဲကျင်းပရေးကော်မတီကို ကိုးကား၍ Mitv သတင်းတွင် ရေးသားထား သည်။
ကမ္ဘာ့ချန်ပီယံ ဘရာဇီးနိုင်ငံသား ဘီဘီယန်နို ဖာနန်ဒက်စ် နှင့် စိန်ခေါ်သူ CWFC ချန်ပီယံ ဖင်လန်နိုင်ငံသား တိုနီတိုရူး တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ပြီး၊ အမျိုးသမီးပွဲစဉ်များလည်း ပါရှိသည်၊ ထိုအပြင် မြန်မာ့ရိုးရာ လက်ဝှေ့သမား များလည်း ၀င်ရောက်ထိုးသတ်မည်ဟု ဖော်ပြထားသည်။
လက်မှတ်များကို 1876 Hotline နှင့် Ticket Sale Center များတွင် ဝယ်ယူ ရရှိနိုင်ပြီဖြစ်ပြီး၊ တန်ဘိုးမှာ VIP ငွေကျပ် နှစ်သိန်း၊ အထူးတန်း ငွေကျပ် ငါးသောင်း၊ အလတ်တန်းငွေကျပ်နှစ်သောင်းခွဲနှင့် ရိုးရိုးတန်းငွေကျပ် တစ်သောင်း သတ်မှတ်ထားသည့်ဟု အစိုးရသတင်းစာတွင် ဖော်ပြထားသည်။
ဧရာဝတီ

No comments:

Post a Comment