Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, June 26, 2015

ရတနာပုံတက္ကသိုလ်အနီးတွင် ခိုက်ရန်ဖြစ်ပွားနေသည့်လူငယ်များကို သွားရောက်ဖမ်းဆီးသည့် အုပ်ချုပ်ရေးမှူးနှင့် ရဲတစ်ဦးရိုက်နှက်ခံရ

Byဖြိုးဖြိုးဇော်
မန္တလေးမြို့ ရတနာပုံ တက္ကသိုလ်အနီးတွင် လူငယ်တစ် စုခိုက်ရန်ဖြစ်ပွားနေသဖြင့် သွား ရောက်ဖမ်းဆီး
သည့် ကျေးရွာအုပ်  ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ရဲတစ် ဦးတို့ရိုက်နှက်ခံခဲ့ရကြောင်း သ တင်းရရှိသည်။


ရတနာပုံတက္ကသိုလ်အနီး တွင် ဇွန်လ၂၄ရက် ည ၁၀နာရီခွဲက လူငယ်တစ်စုစကားများရန်ဖြစ် နေသဖြင့် တောင်သမန်ကျေးရွာ အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ရဲဒုတပ် ကြပ်တစ်ဦးတို့က ဖမ်းဆီးစဉ်ပြန် လည်ခုခံသဖြင့် ဒဏ်ရာရရှိပြီး အမရပူရဆေးရုံတွင် ဆေးကုသမှုခံယူ ခဲ့ရကြောင်း မန္တလေးခရိုင်အထွေ ထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန် ရှိသူတစ်ဦးကပြောသည်။

အဆိုပါပြန်လည်ခုခံရိုက် နှက်မှုများ ပြုလုပ်ခဲ့သူများကို ပူးပေါင်းအဖွဲ့ဖြင့် ဖမ်းဆီးခဲ့ရာ အသက် (၁၈)နှစ် အရွယ်ရှိ အမျိုး သားကိုးဦးကို ဖမ်းဆီးရမိခဲ့ပြီး အမ ရပူရမြို့မရဲတပ်ဖွဲ့စခန်းတွင် ပြစ် မှုပုဒ်မ ၃၃၃ဖြင့်အမှုဖွင့်ဖမ်းဆီးခဲ့ ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။
http://7daydaily.com/story/40490

No comments:

Post a Comment