Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, June 20, 2015

IS အဖွဲက့ ယီမင်နိုင်ငံ ဆာနားမြို့တော်ကို ဗုံးခွဲတိုက်ခိုက်ရာ လူ ၃၁ ဦးသေဆုံး


ဆာနား ၊ ၁၉-၆-၂၀၁၅

ဆာနားမြိုတော့်ကို ဗုံးခွဲတိုက်ခိုက် လူ ၃၁ဦး သေဆုံး ယီမင်နိုင်ငံ ဆာနားမြို့တော်ရှိ အစိုးရ ဌာနများနှင့် ရှီယိုက်ဗလီ များကို စစ်သွေးကြွ အဖွဲ့က ဗုံးခွဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ သောကြောင့် လူ ၃၁ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။

 အဆိုပါ ဗုံးခွဲ တိုက်ခိုက်မှု များသည် ၄င်းတို့၏ လက်ချက် ဖြစ်ကြောင်း၊ စစ်သွေးကြွ များကို ဟူသီ သူပုန်အဖွဲ့က တိုက်ခိုက်နေခြင်း အပေါ် လက်တုံ့ပြန် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း IS အဖွဲ့ကနောက်ပိုင်းတွင် ထုတ်ဖော် ပြောကြားခဲ့သည်။ မြို့တော်တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှု များအနက် တစ်ခုမှာ ဟူသီ သူပုန်အဖွဲ့၏  နိုင်ငံရေး အဖွဲ့ကို စစ်သွေးကြွများက အဓိက ပစ်မှတ်ထား ခဲ့ခြင်းဖြစ်ပြီး နိုင်ငံ အတွင်းရှိ ရှီယိုက် မျိုးနွယ်စု ဝင်များ၏ ဘာသာရေး အဆောက်အအုံ များကိုလည်း စစ်သွေးကြွ များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း အာဏာပိုင်များ က ပြောကြားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှု များသည် ဆော်ဒီ ဦးဆောင်သည့် ညွန့်ပေါင်း တပ်ဖွဲ့ဝင်များက ယီမင်နိုင်ငံ အတွင်း ဗုံးကြဲ တိုက်ခိုက်မှုများ ကို ဆက်လက်လုပ်ဆောင် နေစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Blasts claimed by ISIS kill 31 at Shiite sites in Yemen

No comments:

Post a Comment