Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 22, 2015

IS ၀က်ဘ်အကောင့်တွေ ပိတ်ဆို့ဖို့ ရဲတပ်ဖွဲ့အသစ် ဖွဲ့စည်း


IS အစ္စလာမ်မစ်နိုင်ငံအဖွဲ့နဲ့ ဆက်သွယ်နေတဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေကို ခြေရာခံဖို့နဲ့ ပိတ်ဆို့ဖို့ ဥရောပတ၀န်းမှာ ရဲတပ်ဖွဲ့ တစ်ဖွဲ့ကို ဖွဲ့စည်းနေပါတယ်။

အမေရိကန်က လောလောဆယ် တွေ့ရှိချက်အရ IS လက်နက်ကိုင်အဖွဲ့နဲ့ ဆက်သွယ်တဲ့ Twitter အကောင့်ပေါင်း အနည်းဆုံး ၄၆ ၀၀၀ ရှိပြီး အကောင့်အများစုဟာ IS အဖွဲ့ဝင်သစ်တွေ စုဆောင်းရာမှာ ကူညီဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဥရောပ ရဲတပ်ဖွဲ့ Europol ယူရိုပိုလ်ဟာ အဲဒီ အကောင့်တွေကို ခြေရာခံ ဖော်ထုတ်သွားဖို့ အမည်မဖော်တဲ့ ဆိုရှယ် မီဒီယာ ကုမ္ပဏီတွေနဲ့ ပူးတွဲလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

သူတို့ရဲ့ အဓိက ရည်ရွယ်ချက်ဟာ အကောင့်သစ်တွေကို ဖွင့်ပြီး ၂ နာရီအတွင်းမှာ ပြန်လည်ပိတ်ပစ်နိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အင်္ဂလန်၊ ပြင်သစ်၊ ဘယ်လ်ဂျီယန် နဲ့ နယ်သာလန် နိုင်ငံတွေအပါအ၀င် အီးယူ နိုင်ငံတွေက လူပေါင်း ၅ သောင်းလောက်ဟာ IS လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို သွားလာခဲ့ကြတယ်လို့ ယူရိုပိုလ်က တွေ့ရှိထားပါတယ်။

အခုအသစ် ဖွဲ့စည်းလိုက်တဲ့အဖွဲ့ဟာ ဇူလိုင် ၁ ရက်မှာ လုပ်ငန်းစတင်မှာ ဖြစ်ပြီး ပြဿနာတွေကို တိုက်ဖျက်ရာမှာ ထိရောက်မယ့် နည်းလမ်းဖြစ်လိမ့်မယ်လို့ ယူရိုပိုလ်ရဲ့ ဒါရိုက်တာ Rob Wainwright က ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့် IS တွေရဲ့ ချိတ်ဆက်ထားတဲ့ ဆိုရှယ်မီဒီယာ အားလုံးကို ခြေရာခံဖို့တော့ အင်မတန်ကြီးမားတဲ့ လုပ်ငန်းကြီးတစ်ခုပါလို့ ပြောဆိုပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

No comments:

Post a Comment