CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, June 22, 2015
နယူးယောက်ထောင်ပြေးနှစ်ဦးကို ဖမ်းဆီးရေး သတင်းပေးချက်များအရ ပိုက်စိပ်တိုက်ရှာဖွေ
ဒေသခံတစ်ဦး၏ သတင်းပေးမှုအရ နယူးယောက်ပြည်နယ် အကျဉ်းထောင်မှထွက် ပြေးသွားသူနှစ်ဦးကို ဖမ်းဆီးရမိရေး ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အာဏာ ပိုင်များက သတင်းထုတ်ပြန်ထား သည်။
လူသတ်မှုဖြင့် ထောင်ဒဏ်ကျခံခဲ့ရသည့် ရစ်ချယ်မတ်နှင့် ဒေးဗစ်ဆွိတို့နှစ်ဦးသည် ယခုလ ၆ ရက်တွင် နယူးယောက်ပြည်နယ် ကနေဒါနယ်စပ်အနီး ဒန်နီမိုရာအကျဉ်းထောင်မှနေ၍ ခေတ်မီဖောက်ခွဲရေး ကိရိယာများကို အသုံးပြုကာ လွတ်မြောက်သွားခဲ့ခြင်းဖြစ်သည်။
ရှာဖွေရေးအဖွဲ့များသည် တစ်ဖက်နိုင်ငံနယ်စပ်တွင်လည်း ရှာဖွေခဲ့ကြသည်။
ယခု သတင်းပေးမှုအရ အဆိုပါထောင်ပြေးနှစ်ဦးသည် နယ်စပ်အနီးရထားလမ်းဘေးတွင် တွေ့မြင်လိုက်သည်ဟုသိရပြီး အဆိုပါပတ်ဝန်းကျင်ကို ပိုက်စိပ်တိုက်ရှာဖွေလျက်ရှိသည်။ ဒေသခံများကို အိမ်အပြင်မထွက်ရန်အမိန့်ပေးထားပြီး ကားတိုင်းကိုစစ်ဆေးလျက်ရှိ သည်။
ထောင်ပြေးနှစ်ဦးကိုရှာဖွေရန်အတွက် ရဲတပ်ဖွဲ့ဝင် ၁၅ဝ ခန့်အသုံးပြုထားကြောင်း လည်းသိရသည်။ ထောင်ဖောက်ထွက်ပြေးမှုသည် နယူးယောက်ပြည်နယ်၌ နှစ်ပေါင်း ၁၅ဝ အတွင်း ပထမဆုံးအကြိမ်ဖြစ်ပွားခြင်းဖြစ်ပြီး ထောင်ပြေးနှစ်ဦးသည် အကျဉ်း ထောင်နံရံတွင် ''ကောင်းသောနေ့ပါ''ဟု စာတမ်းပါရှိသော ရုပ်ပြောင်တစ်ခုကိုကပ် ထားခဲ့ကြောင်းလည်း သိရသည်။
အဆိုပါထောင်ဖောက်ထွက်ပြေးမှုနှင့်ပတ်သက်ပြီး အသက် (၅၁)နှစ်အရွယ် အမျိုးသမီး ထောင်ဝန်ထမ်းတစ်ဦးကို လက်နက်ကိရိယာများ ကူညီပံ့ပိုးမှုဖြင့်စွပ်စွဲကာ တရားစွဲထားကြောင်း သိရသည်။
T1P(Ref:Washinton Post)
The Union Daily
http://uniondaily.net
နယူးယောက်ထောင်ပြေးနှစ်ဦးကို ဖမ်းဆီးရေး သတင်းပေးချက်များအရ ပိုက်စိပ်တိုက်ရှာဖွေ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 22, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment