Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 22, 2015

Honda Civic တွင်ထည့်သွင်းသည့် လေအိတ်ပေါက်ကွဲမှုကြောင့် အမေရိကန်တွင် သေဆုံးသူရှစ်ဦးရှိလာ



ဒက်ထရွိုက် ဇွန် ၂၁

ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် လော့စ်အိန်ဂျလိစ်မြို့၌ဖြစ်ပွားသည့် ယာဉ် တိုက်မှုတွင် သေဆုံးသွားခဲ့သည့် အမျိုး သမီးသည် ဂျပန်နိုင်ငံ Takata Corp မှ ထုတ်လုပ်သည့် အသက်ကယ် လေအိတ် များပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရသူများ တွင်ရှစ်ဦးမြောက်ဖြစ်သည်ဟု အမေရိကန် ဘေးကင်းလုံခြုံရေးကြီးကြပ်ကွပ်ကဲသူများ နှင့် Honda Morttor Co.တို့က ထုတ်ပြန် ကြေညာလိုက်သည်။

ဂျဝဲလ်ဘရန်မန် အမည်ရှိ အဆိုပါ အမျိုးသမီးသည် ငှားရမ်းစီးနင်းလာသည့် ၂ဝဝ၁ မော်ဒယ် Honda Civic ကား၏ ယာဉ်မောင်းနေရာမှ လေအိတ်ပေါက်ကွဲ ထွက်သွားကာ အင်အားပြင်းလွန်းခြင်းနှင့် လေအိတ်အတွင်းမှ သတ္တုစများ ထွက်လာ ခြင်းတို့ကြောင့် လည်ပင်းနှင့်ဦးခေါင်းတို့ တွင် ဒဏ်ရာများရကာ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု တရားရုံး မှတ်တမ်းများတွင် ဖော်ပြသည်။

အသက်ကယ်လေအိတ်များကြောင့် အဆိုပါ အမျိုးသမီး သေဆုံးခဲ့ရခြင်းဖြစ် သည်ဟု ဟွန်ဒါကုမ္ပဏီနှင့် အမျိုးသား အဝေးပြေးယာဉ်ကြောလုံခြုံရေးကြီးကြပ်မှု အဖွဲ့တို့က ယမန်နေ့တွင် ထုတ်ဖော်ပြော ကြားခဲ့ကြသည်။ အမျိုးသမီးစီးနင်းလာ သည့်ကားကို ၂ဝဝ၉ ခုနှစ်တွင် ဟွန်ဒါက ပြန်လည်သိမ်းဆည်းရန် လေးကြိမ် အကြောင်းကြားခဲ့သော်လည်း ယာဉ်ပိုင်ရှင် များကပြုပြင်ခဲ့ခြင်းမရှိဟု ဟွန်ဒါကထုတ် ပြန်သည်။

လေအိတ်များအတွင်း အသေးစား ပေါက်ကွဲမှုဖြစ်ပေါ်စေကာ လေအိတ်များ အတွင်း လေများ လျင်မြန်စွာဝင်ရောက် လာစေရန် အမိုနီယမ်နိုက်ထရိတ်ကို Takata ကုမ္ပဏီကသုံးစွဲခဲ့သည်။ သို့သော် ရေငွေ့နှင့် ထိတွေ့ပါက အမိုနီယမ်နိုက် ထရိတ်ဓာတ်သည် မတည်မငြိမ်ဖြစ်လာပြီး ပေါက်ကွဲမှုမဖြစ်ရန်ထိန်းထားသည့် သတ္တု ဘူးကိုတစ်စစီကွဲထွက်သွားစေခဲ့ခြင်းဖြစ် သည်။

KTK (Salon.com)
The Union Daily
http://uniondaily.net

No comments:

Post a Comment