CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, June 22, 2015
ငလျင်လှုပ်ရင် အိမ်ကို မထိအောင် သံလိုက်နဲ့ ပင့်ပေးထားမည်
ငလျင်လှုပ်ပါက သံလိုက်နည်းဖြင့် အလိုလျောက် မြောက်တက်တာ မြေနဲ့ လွတ်နေမည့် အိမ် စနစ်မျိုး မကြာခင် အသုံးပြု နိုင်တော့မည်။
ဝင်ရိုးချင်းတူသော သံလိုက်ချင်း ဆိုလျှင် တွန်းကန်တတ်သည့် သဘောကိုယူ၍ အိမ်ကို သံလိုက်နည်းဖြင့် မြှောက်တင် ပေးထားမည် ဖြစ်သည်။ ငလျင် လှုပ်သည်ကို အာရုံခံမိသည်နှင့် ကွန်ပျူတာ ထိန်းချုပ်စနစ်က အိမ်ကို အလိုလျောက် မြှောက်တင် ပေးထားမည် ဖြစ်သည်။ အမေရိကန် နိုင်ငံရှိ Arx Pax နည်းပညာ လုပ်ငန်းက ထိုနည်းပညာကို မူပိုင်ခွင့် တင်ထားပြီ ဖြစ်သည်။
အိမ်ကို မြှင့်တင်ပေးနိုင်မည့် အောက်ခံ ဖောင်ဒေးရှင်းကိုတော့ ငလျင်ဒဏ် ခံနိုင်ရည်ရှိအောင် တည်ဆောက် ထားရမည် ဖြစ်သည်။ ထိုဖောင်ဒေးရှင်းသည် ရေကန်ကဲ့သို့ ရှိမည်ဖြစ်ပြီး ထိုကန်၏ လေးဘက် လေးတန်နှင့် အောက်ခြေသည် လျှပ်စစ်သံလိုက် ပါဝင်မည်။
အိမ်၏ လေးဘက် လေးတန်နှင့် အောက်ခြေတွင်လည်း လျှပ်စစ်သံလိုက် ပါဝင်မည်။ သံလိုက်စနစ်ကို အသင့် ထားရှိသည့် ဘက်ထရီများနှင့် ချိတ်ဆက်ထားမည် ဖြစ်သည်။ ဘက်ထရီသည် အိမ်ကို ခုနစ်မိနစ်ထိ ပင့်တင် ပေးထားနိုင်အောင် အားရှိသည်။ ငလျင်သည် ပုံမှန်အားဖြင့် စက္ကန့် (၆၀) လောက်သာ အများဆုံး လှုပ်ခတ် တတ်သောကြောင့် လုံလောက်သော အချိန်ဖြစ်သည်။
လျှပ်စစ် သံလိုက်စနစ်ကို ShakeAlert ကွန်ပျူတာ စနစ်ဖြင့် ထိန်းချုပ်မည်။ ငလျင်လှုပ်ပြီ ဆိုသည်နှင့် လျှပ်စစ် သံလိုက်စနစ်ကို တစ်စက္က့န်ပင် မကြာသော အချိန်အတွင်း အလုပ်ခိုင်း စေနိုင်သဖြင့် ငလျင်လှုပ်သည်နှင့် လျှပ်စစ် သံလိုက်များ အလုပ်လုပ်ကာ အိမ်သည် ပေါလော ပေါ်နေမည် ဖြစ်သည်။
Credit: Messenger
ငလျင်လှုပ်ရင် အိမ်ကို မထိအောင် သံလိုက်နဲ့ ပင့်ပေးထားမည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 22, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment