Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, June 26, 2015

Google က နယူးယော့ခ်မှာ အခမဲ့ WiFi ၀န်ဆောင်မှု စတင်ပေးတော့မည်


အသုံးမကျလှတဲ့ Wireless အင်တာနက် အသုံးပြုခွင့်အတွက် ဈေးကြီးလှတဲ့ ကော်ဖီတွေကို ကျွန်ုပ်တို့ 
ထပ်ပြီး ၀ယ်သောက်နေစရာ အချိန်အများကြီး မလိုတော့ပါဘူး။

Google ဟာ နယူးယော့ခ်မြို့မှာ WiFi အခမဲ့ ၀န်ဆောင်မှု စတင်ပေးတော့မှာ ဖြစ်ပြီး မကြာမီမှာပဲ 
ကမ္ဘာတစ်ဝှမ်းလုံး ကို အင်တာနက် အခမဲ့ဝန်ဆောင်မှု ပေးသွားတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

အင်တာနက် ၀န်ဆောင်မှုတွေ ဆောင်ရွက်နေတဲ့ နည်းပညာ ကုမ္မဏီ ကြီး Google ဟာ ထို အခမဲ့ WiFi 
ဝန်ဆောင်မှုကိုတော့ Sidewalk Labs လို့ခေါ်တဲ့ ကုမ္မဏီ နာမည်နဲ့ နယူးယော့ခ်မြို့မှာ လုပ်ဆောင်သွား
မှာ ဖြစ်ပြီး WiFi အခမဲ့ဝန်ဆောင်မှုပဲ သီးသန့်ပေးမယ့် ကုမ္မဏီ ဖြစ်တယ်လို့ သိရပါတယ်။

Google ဟာ ထိုဝန်ဆောင်မှု အတွက် Apple ရဲ့ ကြီးမားလှတဲ့ ယာယီမဏ္ဍပ်(Booth) ၁၀၀၀၀
 ကျော်ကနေတစ်ဆင့် ကြော်ငြာတွေပါ ပြသမယ့် အခမဲ့ Wifi တာဝါတိုင်တွေအဖြစ် ထောက်ပံ့ပေးပြီး 
နည်းပညာသစ်နဲ့ ၀န်ဆောင်မှု ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ထို ယာယီမဏ္ဍပ်တွေမှာတော့  ဖုန်းအားသွင်းခြင်း ၊ ပြည်တွင်း အခမဲ့ ဖုန်းခေါ်ဆိုခွင့်နဲ့ မြို့ရဲ့တည်နေရာ တွေ 
သိရှိနိုင်ဖို့အတွက် ကြီးမားတဲ့ Touch Screen တစ်ခုကိုလည်း ပံ့ပိုးပေးထားမှာ ဖြစ်ပါတယ်။ 

Bloomberg သတင်းဌာန ရဲ့ ဖော်ပြချက်အရတော့ ထိုတာဝါတိုင်တွေဟာ နယူးယော့ခ် တစ်မြို့လုံးကို 
လာမယ့် ဆောင်းတွင်းမှာ စတင် အခမဲ့ ၀န်ဆောင်မှု ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Metro

No comments:

Post a Comment