ရဲလွင်
ရန်ကုန်- ဇွန် ၂၉
အနည်းဆုံးအခကြေးငွေကို တစ်ရက်ကျပ် ၃၆၀၀ အဖြစ် အလုပ်သမားဝန်ကြီးဌာနမှ ဒီနေ့ သတ်မှတ်လိုက်ပါတယ်။
ဒီသတ်မှတ်ချက်နှုန်းထားကိုတော့ ၀န်ကြီးဌာန အစည်းအဝေးအပြီးမှာ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီရဲ့ အမိန့်ကြော်ညာစာအမှတ် (၁/ ၂၀၁၅ )နဲ့ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပါတယ်။
သတ်မှတ်မှုကိုတော့ မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်သမားအားလုံးအတွက် နေရာဒေသ လုပ်ငန်းအမျိုးအစားခွဲခြားဘဲ တစ်နိုင်ငံလုံးတစ်ပြေးညီသတ်မှတ်လိုက်ခြင်းဖြစ်ပါတယ်။
အဆိုပါကြေညာချက်မှာတော့ တစ်နာရီလုပ်ခ ကျပ် ၄၅၀ နဲ့ တစ်ရက် ရှစ်နာရီလုပ်ခ ကျပ် ၃၆၀၀ သတ်မှတ်ကြောင်း၊ အဆိုပါသတ်မှတ်ချက်မှာတော့ အလုပ်သမား ၁၅ ဦးအောက်ရှိတဲ့ လုပ်ငန်းငယ်တွေ၊ မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းတွေ မပါဝင်ဘူးလို့လည်းပါရှိပါတယ်။
ယခုသတ်မှတ်လိုက်တဲ့ အဆိုပြုနှုန်းထားကို ကန့်ကွက်ချင်သူတွေကတော့ ဒီနေ့ကစပြီး ရက်သတ္တနှစ်ပတ် အတွင်းမှာ သတ်မှတ်ထားတဲ့ ပုံစံအတိုင်းဖြည့်စွက်ပြီး အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့ ပြည်နယ်ကော်မတီထံကို ပေးပို့ပြီး မိတ္တူကိုတော့ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှာရှိတဲ့ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာအမျိုးသားကော်မတီနဲ့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနကိုပေးပို့ရမယ်လို့လည်း ပါရှိပါတယ်။
Popular Myanmar News Journal
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, June 29, 2015
အနည်းဆုံးအခကြေးငွေ တစ်ရက် ကျပ် ၃၆၀၀ သတ်မှတ်ပြီ
အနည်းဆုံးအခကြေးငွေ တစ်ရက် ကျပ် ၃၆၀၀ သတ်မှတ်ပြီ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 29, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment