Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 29, 2015

facebook news(ဖမ်းဆီးရမိထားတဲ့ ကိုးကန့်စစ်သုံ့ပန်းရဲ့ ငယ်ထိပ်ကို ၄ လက်မ သံနဲ့ ရက်ရက်စက်စက် ထုရိုက်သတ်ဖြတ်ခဲ့တဲ့ ဗိုလ်ကြီး)


ဖမ်းစီးရမိထားတဲ့ ကိုးကန့်စစ်သုံ့ပန်းရဲ့ ငယ်ထိပ်ကို ၄ လက်မ သံနဲ့
ရက်ရက်စက်စက် ထုရိုက်သတ်ဖြတ်ခဲ့တယ်ဆိုတာ
အချိန်ကာလ နေရာအတိအကျ ဓါတ်ပုံအထောက်အထားတွေနဲ့
ဖေ့ဘုတ်မှာ ရေးထားတာ အခုဆိုပျံနှံ့နေပါပြီ
.
ဒီ တရားခံ Junior Aung Win ဆိုတဲ့ ဗိုလ်ကြီးဟောင်းဟာ
လက်ရှိမှာနယ်ဘက် ဆသရ ဌာနမှာ ရောက်နေပြီ ဖြစ်လို့
နယ်ဘက်ဥပဒေနဲ့ အရေးယူမလား
စစ်ဘက်ဥပဒေနဲ့ အရေးယူမလားဆိုတာ စောင့်ကြည့်နေပါတယ်
ကိုပါကြီးကိစ္စဟာလည်း ဒီလိုဖြစ်ခဲ့တာမျိုးမိုလို့
ခုလိုထင်ရှားနေတဲ့ Junior Aung Win အမှုကိုတောင်မှ
ဘာမှ အရေးမယူ မသိချင်ယောင်ဆောင်နေမယ်ဆိုရင်တော့
ကိုပါကြီး ကိစ္စမှာလည်း စစ်တပ်ဟာ လိမ်နေတာသာဖြစ်ကြောင်း ပိုပြီးပေါ်လွင်ထင်ရှားတဲ့ သက်သေဖြစ်သွားပါလိမ့်မယ်
((ကျေးဇူးပြု၍ ကိုပါကြီးအတွက် မတရား နှိပ်စက်ညှင်းပန်းသတ်ဖြတ်ခံခဲ့ရတဲ့
တိုင်းရင်းသား ပြည်သူများ အတွက် ရှယ်ပေးကြပါခင်ဗျား))
ပွ ပွ ကြီး
မူရင်းရေးထားတဲ့ပို့ စ်များ

လွန်ခဲ့တဲ့ ၄လ ဒီလိုနေ မျိုးမှာ
ပွဲမတိုးဘူးသေးတဲ့ တပည့်ငယ်ကို သရုပ်ပြတဲ့အနေနဲ့
ပုတီးကုန်း က တစ်ကန် လိုနေတဲ့ကောင်တွေရဲ့ ငယ်ထိပ်ကို ၄လက်မသံရိုက်ထည့်ပြတယ်
လက်တွေ ခြေတွေ ကွေးကောက်ပြီး ချေးစိမ်းတောင် ပန်းတယ် မြင်ယောင်ကြည့်ကြပေါ့
ကြေကွဲ တော့လည်း ရက်စက်ပြီ
 — feeling unforgettable.
တစ်ခါများမှာတော့ နေညိုရင်
ကိုယ့်ကျင်းကိုယ်တူးတဲ့ တစ်ကန့်လို တွေရဲ့
နောက်ဆုံးထွက်သက်ကို စီရင်ပိုင်းဖြတ်ပေးတဲ့
``င ထက်´´ ဘဝကိုလည်း ပြန်လည် တပ်မက်မောတယ်။






ဖမ်းစီးရမိထားတဲ့ ကိုးကန့်စစ်သုံ့ပန်းရဲ့ ငယ်ထိပ်ကို ၄ လက်မ သံနဲ့

No comments:

Post a Comment