Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 29, 2015

ရေဆင်



သိန်း နှစ်ထောင် တန်တဲ့ ရေဆင်ပါတဲ့
photo: Lwin Oo
ဒါက မြန်မာနိုင်ငံ မြစ်၊ချောင်း၊အင်း၊အိုင်၊ ပင်လယ် ၊ ရေချိုရေငန် နှစ်မျိုးစလုံးမှာ နေထိုင်ကျက်စားတဲ့ ရေဆင်လို့ခေါ်တဲ့ သတ္တဝါ ငယ်လေးပါ ။ အရွယ်အစားက ဂက်စ်မီးခြစ်လောက်ပဲရှိပါတယ် ။ သေသွားတဲ့အခါ မပုပ်ပဲ ခြောက်သွားပါတယ် ။ ကုန်းပေါ်က ဆင်ကြီးတွေအရမ်းကြောက်တဲ့ သတ္တဝါလေးပေါ့ ။ အဲဒီအကောင်လေးရောက်နေတဲ့နေရာမှန်သမျှ ၊ ဆင်ကြီးတွေဝေးဝေးရှောင်ပါတယ် ။ တကယ်လို့မြစ်ထဲ ချောင်းထဲ ရောက်နေရင် အဲဒီမြစ်ချောင်းထဲကို မဖြတ်တော့ပါဘူး ၊ ရေသောက်မဆင်းပါဘူး ။ တကယ်လို့ဆင်ဦးစီးကမသိပဲ ချွန်းနှင့်ပေါက်ဆင်းခိုင်းရင်၊ မဆင်းပဲ အော်ခံနေပါတယ် ၊ အသက်သာသေခံမယ် ၊ လုံးဝမဆင်းပါဘူး ။ ဒါဆို ဆင်ကြီးတွေဘာလို့ဒီအကောင်ငယ်လေးကိုကြောက်ရတာလဲ ? 

တကယ်တော့ ဆင်ကြီးတွေကြောက်တာ သူ့ရဲ့ သေးငယ်လှတဲ့အစွယ်လေးကိုပါ ။ အဲဒီအစွယ်လေးက တကယ်တော့ သိဒ္ဓိဝင်အစွယ်လေးပါ ။ အရမ်းအစွမ်းထက်ပါတယ် ။ အဲဒီအစွယ်လေးကို သန့်ရှင်းမြင့်မြတ်တဲ့နေရာမှာထားရပါတယ် ။ မသန့်ရှင်းတဲ့နေရာ ၊ မသန့်ရှင်းတဲ့လက်နှင့်ကိုင်မိရင် အစွမ်းပြယ်သွားပါတယ် ။ အစွမ်းပြယ်မပြယ်သိချင်ရင် ၊ ငှက်ပျောသီး၊ကြံ စသည် ဆင်ကြိုက်တဲ့ အသီးအနှံများကို အဲဒီအစွယ်လေးနှင့်ထိုးပြီးကျွေးပါက ၊ ဆင်တွေလုံးဝမစားပါက ၊ အစွမ်းရှိပါသည် ။ အကယ်၍စားပါက အစွမ်းပြယ်သွားပြီဖြစ်သည် ။ အကယ်၍အစွမ်းရှိသောအစွယ်လေးကို အိတ်ထောင်ထဲထည့် ဆင်တွေရှိရာသွားပါက ဆင်တွေအော်ပြီး ခတ်ထားသည့် သံကြိုးကိုဖြတ်ကာ ကြောက်လန့်တကြားထွက်ပြေးပါသည် ။ ထိုသို့လုပ်မိပါက အဲဒီအစွယ်မပါပဲ နောက်ထပ်အဲဒီနေရာသွားမိပါက ဆင်တွေက အသက်ကိုရန်ရှာမည်ဖြစ်သည် ။ အစွမ်းရှိသောအစွယ်လေးကို ကြက်လည်ပင်းမှာချည်ပြီး ခြောက်ပေအကွာမှ သေနပ်ဖြင့်ပစ်ပါက ပစ်၍မရပါ ။
ကျည်မထွက် သို့မဟုတ် ကျည်လွဲပါသည် ။ ဆင်ကြီးတွေ ကြောက်ရခြင်း အဓိကအကြောင်းရင်းမှာ
ဆင်ခြေရာကို အဲဒီအစွမ်းရှိသော အစွယ်နှင့် ထိုးမိပါက ၊ ဆင်ကြီးတွေဗိုင်းကနဲ လဲကျသေဆုံးတတ်သည်ဟု ပြောသံကြားဘူးပါသည် ။ သေမသေ တော့ မသိပါ ၊ ဆင်ကြီးတွေ အဲဒီ ရေဆင်လေးကို အလွန်ကြောက်တာတော့ အမှန်ပါခင်ဗျာ ။ ဟိုင်းကြီး မော်တင်အငူ တစ်ဝိုက်နှင့် ဂွ၊ ကျောက်ဖြူ ၊ တောင်ကုတ် တစ်ဝိုက်တွင် ရေဆင်လေးများ နေထိုင်ကျက်စားတတ်ပါသည် ။ ကိုယ့်နိုင်ငံမှာရှိတဲ့ ဗဟုသုတပေါ့ခင်ဗျာ။
San Nyuntoo
https://www.facebook.com/san.nyuntoo.9/posts/814032075378537?pnref=story




No comments:

Post a Comment