![]() |
| နေပြည်တော်မှာ ဇွန် ၂၄ က တပ်မတော်(လေ) လေယာဉ်နဲ့ ရဟတ်ယာဉ်များ တပ်တော်ဝင် အခမ်းအနား ကျင်းပစဉ် Photo: Senior General Min Aung Hlaing Facebook |
လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်လွင်ဦး နေရာမှာ ဗိုလ်မှူးချုပ် မောင်မောင်ကျော်ကို အစားထိုးခန့်အပ်လိုက်တယ်လို့ သမ္မတရုံး အကြီးတန်းအရာရှိတစ်ဦးက ပြောဆိုတယ်လို့ ဖေါ်ပြပါတယ်။ ဒါပေမဲ့ ဘယ်နေ့ဘယ်ရက်က ပြောင်းလဲ အစားထိုးလိုက်တာလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အခုလို လေတပ်မတော် ဦးစီးချုပ်နေရာကို အပြောင်းအလဲ လုပ်လိုက်တာဟာ ကိုးကန့်တပ်ဖွဲ့နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း မြန်မာလေတပ်ရဲ့လေကြောင်းစစ်ဆင်ရေးက ကြဲချတဲ့ဗုံးတချို့ တရုတ်ပြည်ပိုင်နက်အတွင်း ကျရောက်သွားခဲ့ပြီး၊ လူလေးယောက် သေဆုံးခဲ့ရတဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး တရုတ်အစိုးရရဲ့ ဒေါသအမျက် ကို ဖြေလျှော့တဲ့အနေနဲ့ အရေးယူဆောင်ရွက်ခဲ့တာလို့ ယုံကြည်ရကြောင်း ရိုက်တာသတင်းက ဖေါ်ပြပါတယ်။
RFA Burmese
http://www.rfa.org/burmese

No comments:
Post a Comment