Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 21, 2015

ယွန်းဝတီလွင်မိုးနှင့် တွဲရိုက်ထားသူမှာ ချစ်သူမဟုတ်ဟုဆို


.............ဒီပုံလေးကိုတွေ့လိုက်လို့ဒါခေးရဲ့ ဖေဖေရဲ့အချစ်ဆုံးသူငယ်ချင်းရဲ့သားပါရှင့်
မိဘတွေကလဲခေးမမွေးခင်ထဲက အချစ်ဆုံးသူငယ်ချင်းတွေပါ ခေးခေးတို့နှစ်ယောက်ကလဲမွေးကတည်းက
အတူတူကြီးပြင်းခဲ့ကြတဲ့မောင်နှမအရင်းတွေလိုပါပဲ ခေးရဲ့ဘယ်တော့မှမပြောင်းလဲမဲ့အချစ်ဆုံးအကိုပါ
...................................................................................................................................................................................
ယွန်းဝတီလွင်မိုး၏ ချစ်သူဟုဆိုသော အမျိုးသားငယ်တစ်ဦးနှင့်တွဲရိုက်ထားသည့် ဓာတ်ပုံလူမှုကွန်ရက်တွင် ပျံ့နှံ့နေသဖြင့် ယင်းကိစ္စမှာ မဟုတ်မှန်ကြောင်း ယွန်းဝတီလွင်မိုး၏ ဖန်ပေ့ခ်ျ၌ ရေးသားထားသည်။ ‘‘ဒီပုံလေးကို တွေ့လိုက်လို့ ဒါခေးရဲ့ဖေဖေရဲ့အချစ်ဆုံးသူငယ်ချင်းရဲ့ သားပါရှင့်။ မိဘတွေကလည်း ခေးမမွေးခင်ကတည်းက အချစ်ဆုံးသူငယ်ချင်းတွေပါ။ ခေးခေးတို့နှစ်ယောက်ကလည်း မွေးကတည်းကအတူတူကြီးပြင်းခဲ့ကြတဲ့မောင်နှမအရင်းတွေလိုပါပဲ။ ခေးရဲ့ ဘယ်တော့မှမပြောင်းလဲမယ့်အချစ်ဆုံးအစ်ကိုပါ’’ဟု ယွန်းဝတီလွင်မိုး၏ ဖန်ပေ့ခ်ျစာမျက်နှာတွင်ဖြေရှင်းထားသည်။

ပရိသတ်များအထင်မလွဲစေရန် ဖြေရှင်းခဲ့ခြင်းဖြစ်ပြီး ယွန်းဝတီ လွင်မိုး၏ မိခင်ဒေါ်မေသူကိုယ်တိုင်ရေးသားပေးခဲ့ခြင်းဖြစ်သည်ဟုပြောသည်။ ‘‘အန်တီကိုယ်တိုင်ရှင်းပေး ထားတာ။ သူက မြန်မာလိုဆို သိပ်မရှင်းတတ်လို့ အန်တီကိုယ်တိုင်ရေးပေးထားတာ။ ခေးခေးတို့ မမွေးခင်ကတည်းက မိသားစုတွေ လိုနေတာ။ နှစ်တိုင်းလည်းခရီးတွေသွားတယ်။ ပြည်တွင်းမဟုတ် ရင် ပြည်ပအမြဲတမ်းသွားဖြစ်တယ်။ ဘယ်တော့မှ ပြောင်းလဲမှု မရှိမယ့်မောင်နှမတွေ’’ဟု ဒေါ်မေသူကပြောသည်။

ထို့အပြင် ၎င်းတို့မိသားစုနှစ်စု၏ ယခင်နှစ်များက အလည်အပတ်ခရီးသွားကြသည့် ဓာတ်ပုံများကိုလည်း ယွန်းဝတီလွင်မိုး၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြပေးထားသည်ကိုတွေ့ရပြီး ပရိသတ် များက ယွန်းဝတီလွင်မိုးအပေါ်အထင်မလွဲကြောင်းမှတ်ချက်များ ရေးသားထားကြသည်။
Credit: 7Day Daily
http://7daydaily.com/story/40052

ဆယ်လီဗျစ်တီတွေရဲ့ ဘာညာဘာညာgossip column(..ဒီပုံလေးကိုတွေ့လိုက်လို့ဒါခေးရဲ့ ဖေဖေရဲ့အချစ်ဆုံးသူငယ်ချင်းရဲ့သားပါရှင့်မိဘေ...

Posted by The Melting Pot 4 U on Sunday, 21 June 2015

No comments:

Post a Comment