ဆယ်စုနှစ်များစွာ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းဝင် သွားခဲ့ရပါသော်လည်း ပြောင်းပြန်အချိုးညီစွာ ချမ်းသာကြွယ်ဝလာသူ များ ဖြစ်ကြသော စီးပွားရေး လုပ်ငန်းရှင်ကြီးများသည် ခရိုနီများ ဟုဆိုပါသော်လည်း ၎င်းမှာ စုစုပေါင်း၏ ထက်ဝက်ဖြစ်နိုင်ပြီး ကျန်ထက်ဝက်မှာ ဝန်ကြီးဟောင်း၊ ဗိုလ်ချုပ်ဟောင်း ခရိုနီ မိသားစုများ၏ အိတ်ထဲတွင် ရှိနေပါတယ်။
စစ်အစိုးရလက်ထက် ဝန်ကြီးများအနက် အချမ်းသာဆုံးဟု သတ်မှတ်ခံရသူများတွင် စက်မှု (၁) ဝန်ကြီးဟောင်း ဦးအောင်သောင်းနှင့် မိသားစုဝင်များလည်း ပါဝင်ပါတယ်။ဦးအောင်သောင်း၏ ဇနီးမှာအထက်တန်းပြ ဆရာမ အငြိမ်းစား ဒေါ်ခင်ခင်ရီဖြစ်ပြီး သားသမီးများမှာ ဗိုလ်မှူးကြီး မိုးအောင်၊ စီးပွားရေး လုပ်ငန်းရှင် ဦးနေအောင်၊ ဒုဗိုလ်မှူးကြီး ပြည်အောင်၊ စီးပွားရေး လုပ်ငန်းရှင် ဒေါ်ခင်ငုရည်ဖြိုး တို့ဖြစ်ကြပါတယ်။
ဦးအောင်သောင်းသည် စက်မှု (၁) ဝန်ကြီးအဖြစ် ၁၉၉၇ ခုနှစ်မှ နအဖ၏ တရားဝင်အာဏာ သက်တမ်းကုန်သည့် ၂၀၁၀ ပြည့်နှစ် အချိန်အထိ ၁၄ နှစ်ကြာ တာဝန်ယူခဲ့ပါတယ်။အဲဒီကာလအတွင်းမှာပဲ မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍသည် ဦးအောင်သောင်း၏ သားများအပါအဝင် စစ်ခေါင်းဆောင်ပိုင်းနှင့် နီးစပ်သော စီးပွားရေးသမား တစု၏ လက်ဝါးကြီးအုပ် အသုံးချခံဘဝ ဆိုက်ရောက်ခဲ့ရပါတယ်။ဦးအောင်သောင်း၏ သားနှစ်ဦးဖြစ်သူ ဦးပြည်အောင်နှင့် ဦးနေအောင်တို့ကလည်း သန်းကြွယ်သူဌေးများ ဖြစ်သွားခဲ့ကြပါတယ်။ ဦးအောင်သောင်း၏ သားတဦးမှာ စင်ကာပူတွင် ဒေါ်လာ သန်းချီတန်သည့် ပိုင်ဆိုင်မှုများ အများအပြား ရှိနေပါတယ်။ ဦးပြည်အောင်နှင့် ဦးနေအောင်တို့ နှစ်ဦးပိုင်သော စီးပွားရေး လုပ်ငန်းများတွင် သစ်၊ ရေနံနှင့် သဘာဝဓာတ် ငွေ့၊ လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းမှုဆိုင်ရာ ပစ္စည်း၊ ဘဏ်လုပ်ငန်း၊ ဟိုတယ်နှင့် ဆောက်လုပ်ရေး လုပ်ငန်းများ ပါဝင်ကြပါတယ်။ ဦးအောင်သောင်း မိသားစုသည် ၂၀၁၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့သော ယူနိုက်တက် အမရာဘဏ်ကိုလည်း ပိုင်ဆိုင်သူဖြစ်ပါတယ်။အောင်ရဲဖြိုးကုမ္ပဏီဟု အမည်ရသော စိုက်ပျိုးရေး ထုတ်ကုန်များ ရောင်းချသော ကုမ္ပဏီသည်လည်း ဦးအောင်သောင်း မိသားစုပိုင်ပင်ဖြစ်ပါတယ်။ ဦးအောင်သောင်း ရဲ့သား တစ်ဦးဖြစ်သူဦးပြည်အောင်သည် နအဖ စစ်ကောင်စီတွင် နှစ်ပေါင်းများစွာကြာ ဒုတိယ ဩဇာအကြီးဆုံးဖြစ်သူ ဒု ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေး၏ သမီး ဖြစ်သူ ဒေါ်နန္ဒာအေး၏ ခင်ပွန်းလည်းဖြစ်ပါတယ်။
၂၀ဝ၉ ခုနှစ် ဇွန်လအတွင်း ဖော်ပြထားသော အမေ ရိကန် သံတမန် ကြေးနန်းတစောင်တွင်ဦးမောင်အေး သည် မြိုးမြိုးမြက်မြက် ရနိုင်သော စီးပွားရေးလုပ်ငန်း လုပ်ပိုင်ခွင့်များ ချပေးရာတွင် ဦးတေဇထက် သူ့သား မက် ဦးပြည်အောင်ကို ပိုဦးစားပေးသည်ဟု ရေး သားထားတာကိုလည်း တွေ့ရပါတယ်။ အမေရိကန် သံတမန်များကို ပြန်လည် ဖောက်သည်ချခဲ့သော ၂၀ဝ၉ ခုနှစ် လျှို့ဝှက် ကြေးနန်း တခုတွင်လည်းဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်းနှင့် ဒု ဗိုလ်ချုပ်မှူး ကြီးဟောင်း ဦးမောင်အေးတို့ နှစ်ဦးသည် လုပ်ငန်းအသစ်များ၊ လိုင်စင်အသစ်များ ချပေးရာတွင်၎င်းတို့ အတွက်ပါ ဝေစားမျှစားလုပ်သော ဦးနေအောင်၊ Max Myanmar ကုမ္ပဏီ ဥက္ကဌ ဦးဇော်ဇော် နှင့် ဦးရွှေမန်း၏သား ဦးအောင်သက်မန်းတို့ကို ပိုဦးစား ပေးသည်ဟု ရေးသားထားပါတယ်။
သူတို့ရဲ့ စီးပွားရေး အင်ပါယာကြီးဟယ် စီးပွားရေး လုပ်ငန်းပေါင်းများစွာ ချိတ်ဆက်ထားသော လုပ်ငန်းကြီး တခုဖြစ်ပါတယ်။ အဓိကအားဖြင့် IGE ကုမ္ပဏီသည် နိုင်ငံတကာ စီးပွားရေး လုပ်ငန်းများ အုပ်စုနှင့် ၏ အောက် တွင်ရှိပါတယ်။ရေနံ၊ သဘာဝ ဓာတ်ငွေ့နှင့်သတ္တုတွင်း IGE Pte Ltd လုပ်ငန်းများ လုပ်ကိုင်သော UNOG Pte Ltd (UNOG Co Ltd နှင့် United National Oil & Gas ဟုလည်း ခေါ်ပါတယ်။ကျွန်းသစ်စီးပွားရေးလုပ်သော MRT Co Ltd သည် လည်း IGE အောက်တွင်ရှိပါတယ်။ IGE သည် မြန်မာနိုင်ငံ ကျွန်းသစ်လုပ်ငန်းတွင် ဒုတိယအကြီးဆုံး ကုမ္ပဏီတခု လည်းဖြစ်ပါတယ်။ နအဖ စစ်အစိုးရ အာဏာလွှဲပြောင်းခါနီးတွင် အစိုးရပိုင် ပစ္စည်းများအား ပုဂ္ဂလိကပိုင်အဖြစ် ထုတ် ရောင်းချရာတွင် IGE သည် ရန်ကုန်မြို့တွင်စထရင်း ဟိုတယ်၊ ဒူးဆစ် အင်းလျားလိတ်နှင့် သမ္မတ ဟိုတယ်များတွင် အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းအထိ ဝယ်ယူရရှိခဲ့ပါတယ်။
အမေရိကန်သံတမန် ကြေးနန်းတခုတွင် IGE ကုမ္ပဏီကို ၁၉၉၄ ခုနှစ်၌ တည်ထောင်ပြီး ၂၀ဝ၁ ခုနှစ်တွင် စင်ကာပူနိုင်ငံတွင် မှတ်ပုံတင်ခဲ့သည်ဟု သိရပါတယ်။IGE သည် နေပြည်တော် တည်ဆောက်ရေးအတွက် တာဝန်ယူ သော ကုမ္ပဏီ ၈ ခုအနက် တခုဖြစ်ပါတယ်။ မြို့တော်သစ်အတွင်း အစိုးရဌာန အဆောက်အအုံ ပေါင်းများစွာ တည်ဆောက်ပေးရသည့်အပြင် ဘန်ဂလိုပေါင်း ၃၀ ပါဝင်သော ကြယ်လေးပွင့် အဆင့်ရှိ IGE ပိုင် Hotel Amara ကိုပါ တည်ဆောက်ခဲ့ပါတယ်။၂၀၁၁ ခုနှစ် ဇန်နဝါရီလ အစောပိုင်းတွင် IGE သည် အစိုးရ၏ ကုန်သွယ်ရေး မူဝါဒကောင်စီ (TPC) ထံမှ ရွှေဂက်စ် ပိုက်လိုင်း စီမံကိန်းတည် ဆောက်ရေးအတွက် အသုံးပြုရန် ပိုက်လိုင်းများ တင်သွင်းခွင့်ရခဲံပါတယ်။ နိုင်ငံခြားသို့ သစ်အားလုံးကို မြန်မာ့သစ်လုပ်ငန်းအမည်ဖြင့် ပို့ဆောင်ခဲ့ပြီး အကျိုးအမြတ် အားလုံးကို စီးပွား ရေးကုမ္ပဏီများကပင် ရရှိခဲ့ကြပါတယ်။
ဤသည်မှာ နာမည်ဆိုး အထွက်ဆုံး ဝန်ကြီးဦးအောင်သောင်းနှင့် မိသားစု တို့၏ ချမ်းသာကြွယ်ဝခဲ့ပုံ တစိတ်တပိုင်းပင် ဖြစ်ပါတယ်။စီးပွားရေး လုပ်ငန်းကြီးများကို လက်ဝါးကြီးအုပ် ခြင်းမှသည် မြေယာများ သိမ်းဆည်းယူခြင်း အထိ နည်းအမျိုးမျိုးဖြင့် ချမ်းသာကြွယ်ဝခဲ့ကြသော စစ် အစိုးရ ဝန်ကြီးဟောင်းများ၊ ဗိုလ်ချုပ်ဟောင်းများ သည် ယခုအခါ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့၊ အာဏာရ ကြံ့ခိုင်ရေးပါတီနှင့် ပါလီမန်များထဲတွင် ထင်ထင်ပေါ်ပေါ် ရှိနေကြဆဲပင်ဖြစ်ပါတယ်။
-
ဇင်ယော်ဖြူ……။
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, June 21, 2015
နာမည်ဆိုး အထွက်ဆုံး ဦးအောင်သောင်း
နာမည်ဆိုး အထွက်ဆုံး ဦးအောင်သောင်း
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 21, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment