CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, June 25, 2015
ဖမ်းဆီးထိန်းသိမ်းထားသော ဘင်္ဂလာဒေ့ရှ် ဘီဂျီဘီ အရာရှိကို လွဲပြောင်းလိုက်ပြီ
ရန်ကုန်၊ ဇွန်လ ၂၅
ယနေ့ မောင်တောမြို့တွင် ပြုလုပ်သော မြန်မာ-ဘင်္ဂလာဒေ့ရှ် နှစ်နိုင်ငံ တပ်မှူးအဆင့် အလံတင် အစည်းအဝေးတွင် မြန်မာဘက်က ဖမ်းဆီးထိန်းသိမ်းထားသော ဘီဂျီဘီ အရာရှိ မစ္စတာ နာယက် ရာဇက်ကို လွဲပြောင်း ပေးလိုက်ပြီ ဖြစ်သည်ဟု မောင်တောခရိုင် အထွေထွေ အတွင်းရေးမှူးက အတည်ပြု ပြောကြားသည်။
“ ဒီကနေ့ မောင်တောမြို့ ဒေ၀ါနဒီ ခန်းမမှာ ပြုလုပ်တဲ့ တပ်မှူး အဆင့် အလံတင် အစည်းအဝေးမှာ လွဲပြောင်းပေးအပ်လိုက်တာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။
မစ္စတာ နာယက် ရာဇက်ကို မြန်မာဘက်က ရှစ်ရက် ကြာထိန်းသိမ်းထားပြီးနောက် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု အရ တစ်စုံတစ်ရာ အရေးယူခြင်း မရှိဘဲ သူနှင့် အတူ ဖမ်းဆီးရမိသော လက်နက်ခဲယမ်းမီးကျောက်များနှင့် အတူ ပြန်လည် လွဲပြောင်း ပေးအပ်လိုက်ခြင်း ဖြစ်သည်။
ယနေ့ ပြုလုပ်သော အစည်းအဝေးသို့ ဘင်္ဂလာဒေရှ့်နိုင်ငံ တက်ကနက် အခြေစိုက် အမှတ် ၄၂ ဘီဂျီဘီ တပ်ရင်းမှူး ဗိုလ်မှူးကြီး Abu Jar al Zahid ဦးဆောင်သော ကိုယ်စားလှယ် ခုနှစ်ဦး အဖွဲ့က တက်ရောက်ခဲ့ပြီး မြန်မာဘက်ကတော့ အမှတ် (၂) နယ်ခြားစောင့်တပ်ဖွဲ့ ရဲမှူးကြီး သီဟန် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ တက်ရောက်ခဲ့သည်။
Narinjara
https://www.facebook.com/pages/Narinjara
ဖမ်းဆီးထိန်းသိမ်းထားသော ဘင်္ဂလာဒေ့ရှ် ဘီဂျီဘီ အရာရှိကို လွဲပြောင်းလိုက်ပြီ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 25, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment