CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, June 25, 2015
ရေကူးကန်ထဲပေါက်ချတဲ့ ဆီးတွေကြောင့် ရေကူးချိန်မျက်စိများနီရဲပြီး ကျိန်းစပ်လာရ ခြင်းဖြစ်တယ်လို့ လေ့လာတွေ့ရှိ
အများသုံးရေကူးကန်တွေမှာ ရေသွားကူးကြရင် မျက်စိတွေနီရဲလာပြီး ကျိန်းစပ်လာတဲ့ ခံစားရမှုက ရေကူးကန်ထဲ ကလိုရင်းဆေးရေးရည်ခပ်ထားမှုကြောင့် ဖြစ်ရခြင်းဖြစ်တယ် လို့ဆိုတဲ့ အကြောင်းပြချက်က ၇၁ ရာခိုင်နှုန်းမမှန်ကန်ကြောင်းကို အမေရိကန် ရောဂါပိုး မွှားထိန်းချုပ်မှုနှင့်ကာကွယ်တားဆီးမှု ကျန်းမာရေးအဖွဲ့အစည်းက ထောက်ပြခဲ့ပြီး အ ဘယ့်ကြောင့်ထိုသို့ဖြစ်ရတယ်ဆိုတဲ့အကြောင်းအရင်းကို ဖော်ထုတ်ပြောကြားလိုက်ပါ တယ်။
အမေရိကန်လူဦးရေ ထက်ဝက်နီးပါးလောက်ယုံကြည်ကြတဲ့ ကလိုရင်း ဆေးရည်ခပ် ထားခြင်းက ရေကူးကန်ရေတွေကို ဝါကျင်နောက်ကျိစေပြီး မျက်စိတွေနီရဲစပ်လာစေ တယ်လို့ ဆိုခြင်းက မဟုတ်မမှန်ပဲ တကယ့်အကြောင်းအရင်းအမှန်က ရေကူးတဲ့သူ တွေပေါက်ချကြတဲ့ ဆီးတွေကြောင့်ပဲဖြစ်တယ်လို့ အံ့သြစရာကောင်းလောက်တဲ့ဆေး ပညာသုတေသန ရလာဒ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။
ရေကူးကန်ထဲမှာရှိတဲ့ပိုးမွှားတွေကို သေစေနိုင်အတွက် ကလိုရင်းဆေးရည်တွေကို ကန်အတွင်းခပ်ပြီး ထိုသို့ ရေကူးကန်အတွင်း ပေါက်ချလိုက်တဲ့ဆီးမှာပါဝင်တဲ့ဓာတ် သတ္တုတွေက ကလိုရင်းဓာတ်ပစ္စည်းတွေနဲ့ပေါင်းစပ်ဓာတ်ပြုပြီးနောက် ယင်းကလူရဲ့ မျက်လုံးနဲ့အတွင်းသားတွေကို နီရဲလာစေပြီး ကျိန်းစပ်လာခြင်းကို ခံစားရခြင်းပဲဖြစ် တယ်လို့ သိရပါတယ်။
Credit: phothutaw
ရေကူးကန်ထဲပေါက်ချတဲ့ ဆီးတွေကြောင့် ရေကူးချိန်မျက်စိများနီရဲပြီး ကျိန်းစပ်လာရ ခြင်းဖြစ်တယ်လို့ လေ့လာတွေ့ရှိ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 25, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 25, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment