CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, June 25, 2015
လေအိတ် ချို့ယွင်းချက်ကြောင့် ဂျပန်ကား ၃ သန်း ပြန်သိမ်း
ဂျပန် နိုင်ငံက အကြီးဆုံး ကားကုမ္ပဏီကြီးတွေ ဖြစ်ကြတဲ့ တိုယိုတာနဲ့ နစ်ဆန်း ကားကုမ္ပဏီတွေက သူတို့ ကားတွေမှာ ပါဝင်တဲ့ လေအိတ်တွေကြောင့် လူ ၈ ယောက် သေဆုံးခဲ့ရ အပြီး ကားစင်းရေ ၃ သန်းကို ပြန်လည် ရုပ်သိမ်း ခဲ့ရပါတယ်။
ကားလေအိတ်တွေ ထုတ်လုပ်တဲ့ Takata ကုမ္ပဏီကတော့ လေအိတ် ပေါက်ကွဲမှုတွေ ဘာ့ကြောင့် ဖြစ်နေတယ် ဆိုတာ မသိရသေးကြောင်း ပြောပါတယ်။
တာကာတာ ကုမ္ပဏီရဲ့ လေအိတ်တွေကြောင့် ဘီအမ်ဒဗလျူ၊ ခရိုင်စလာ၊ ဖို့ဒ်၊ ဟွန်ဒါနဲ့ မာဇဒါ ကားတွေ စုစုပေါင်း စင်းရေ သန်း ၃၀ ကျော်ကို အမေရိကန် နိုင်ငံထဲကနေ ပြန်လည် ရုပ်သိမ်း ခဲ့ရပြီး ဖြစ်ပါတယ်။
တချို့ လေအိတ်တွေမှာ လေဖြည့်ကိရိယာ ချို့ယွင်းသွားတဲ့ အတွက် လေအိတ်ကို ပေါက်ကွဲထွက်စေပြီး ကားထဲမှာ သတ္တု အပိုင်းအစတွေ ပြန့်ကျဲ ထွက်စေတာ ဖြစ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese
လေအိတ် ချို့ယွင်းချက်ကြောင့် ဂျပန်ကား ၃ သန်း ပြန်သိမ်း
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 25, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 25, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment