Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 22, 2015

ကိုယ်လုံးတီးပုံများ အတင်ခံရပါက ဂူဂဲမှာ မပေါ်အောင် အကူအညီတောင်းနိုင်


အရှက်တကွဲ အကျိုးနဲ ဖြစ်စေသော ပုံများ၊ ဗီဒီယိုများ အတင်ခံရပါက ဂူဂဲတွင် ရှာလို့ မပေါ်အောင်လုပ်ပေးဖို့ ဂူဂဲထံ လှမ်းပြီးအကူအညီ တောင်းနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

          ပုံများ၊ ဗီဒီယိုများသည် သက်ဆိုင်ရာ အင်တာနက်ဆာဗာတွင် ရှိနေဦးမည် ဖြစ်သော်လည်း ဂူဂဲတွင် ရှာသည့်အခါတွင်ကား ထိုပုံများ၊ ဗီဒီယိုများရှိသည့် လင့်ခ် များကို ဂူဂဲက ဖော်ပြပေးမည်မဟုတ်။ ယခင်က အလားတူ ကိစ္စမျိုးအတွက် ပုံများ၊ ဗီဒီယိုများ ရှာဖွေမပေးဖို့ ဂူဂဲအား ဖိအားပေး ခဲ့သော်လည်း ဂူဂဲသည် လက်မခံခဲ့။ ယခုမှ လက်ခံကာ ဂူဂဲက ရှာမပေးတော့ဟု အတည်ပြုလိုက်ခြင်း ဖြစ်သည်။ လာမည့် ရက်သတ္တပတ် အနည်းငယ်အတွင်း ထိုဝန်ဆောင်မှုစနစ် စတင်မည်ဟု ဂူဂဲ ဒု ဥက္ကဋ္ဌ အမစ်ဆင်ဟယ်က ပြောသည်။

          ““ပုံတွေ၊ ဗီဒီယိုတွေတိုင်းကို အင်တာနက်ပေါ်ကနေပါ ဖြုတ်ချပစ်နိုင်လောက်အောင် ဂူဂဲ မတတ်နိုင်ပေမယ့် အနည်းဆုံး အနေနဲ့ဂူဂဲမှာ ပေါ်မလာအောင်တော့ ကူညီနိုင်ပါတယ်””ဟု ဆင်ဟယ်က ပြောသည်။

          ချစ်သူရည်းစားချင်း ကြည်ဖြူကြစဉ်က ချစ်တင်းနှောရင်း သို့မဟုတ် တစ်ယောက်ချင်းစီ၏ ကိုယ်လုံးတီး ဓာတ်ပုံများ၊ ဗီဒီယိုများ ရိုက်ကူးထားကြပြီးနောက် လမ်းခွဲကြသည်တွင် ထိုပုံများ၊ ဗီဒီယိုများကို အွန်လိုင်း ပေါ်တင်သည့် ကိစ္စများ ယနေ့ အင်တာနက် ခေတ်တွင် အများအပြား  ဖြစ်ပွားလာသည်။ ထိုကိစ္စကို  “လိင် ကလဲ့စား” ဟု နာမည် ပေးထားသည်။ နစ်နာသူ အများစုကြီးမှာ အမျိုးသမီးများ ဖြစ်သည်။

          အင်္ဂလန်နှင့် ဝေလနယ်တို့တွင်လည်း ထိုသို့ အခြားသူ တစ်ဦးဦး သို့မဟုတ် ချစ်သူ ရည်စားကို အရှက်ကွဲစေမည့် ပုံများ၊ ဗီဒီယိုများ တင်ပါကတင်သူကို ထောင်ဒဏ် နှစ်နှစ်ထိ ချမှတ်မည်ဟု ဥပဒေ ပြဌာန်း ထားသည်။ စကော့တလန်နှင့် မြောက်ပိုင်း အိုင်ယာလန်တွင်လည်း အလားတူ ပြဌာန်းရန် ပြင်ဆင်လျက်ရှိသည်။

          အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား၊ တက္ကဆက်နှင့် ယူတားပြည်နယ်တို့တွင်လည်း အလားတူ ကိစ္စမျိုးကို အရေးယူမည့် ဥပဒေများ ပြဌာန်းထားသည်။



No comments:

Post a Comment