CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, June 22, 2015
ကံစီမံရာပဲဆိုတဲ့ မိုးအောင်ရင်
သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ မိုးအောင်ရင်က သူ့ရဲ့အောင်မြင်မှု၊ မအောင်မြင်မှုတွေက ကံအတိုင်းပါပဲဟု ဖွင့်ဟခဲ့ပါတယ်။
““အရင်တုန်းကဆို ကျွန်တော့်ကို ပရိသတ်အနေနဲ့ အောင်ရင်ရဲ့သားလို့ သိကောင်း သိကြလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့်ကို မင်းသား မိုးအောင်ရင် လုပ်ပေးခဲ့တာကတော့ ကျွန်တော့်ကို စင်တင်ပေးခဲ့တဲ့ တိုက်ကပါ။ ဒီအတွက်ကြောင့်လည်း ကျွန်တော့်အနေနဲ့ တကယ်လို့ တိုက်က မှားနေရင်တောင် ဝေဖန်ဖို့ထက် ဘယ်လိုလုပ်ရင် ပိုကောင်းမယ်ဆိုတာကိုပဲ ပြောဖြစ်မှာပါ။ သူတို့ရွေးပေးတဲ့ ဇာတ်ကားတွေ ရိုက်ရပေမယ့်လည်း တစ်ခါတလေတော့ ကျွန်တော့်အကြိုက် ဇာတ်လမ်းလေးတွေတော့ ရိုက်လို့ရပါတယ်။ တိုက်နဲ့ ကျွန်တော့်ရဲ့ အောင်မြင်မှုဟာ အတူတူပါပဲ။ နောက်ပြီး ဒီထက်အောင်မြင်ဖို့၊ မအောင်မြင်ဖို့ကတော့ ကျွန်တော့်ရဲ့ ကံနဲ့လည်း ဆိုင်ပါတယ်”လို့ ပြောပါတယ်။
Lucky Seven ဗွီဒီယိုထုတ်လုပ်ရေးရဲ့ တိုက်ပိုင်မင်းသားတစ်လက် ဖြစ်တဲ့ မိုးအောင်ရင်ဟာ လက်ရှိမှာလည်း “ရပ်ကွက်ထဲကဘုရင်မ”ဇာတ်ကားမှာ ပါဝင်သရုပ် ဆောင်နေတယ်လို့ သိရပါတယ်။
Messenger
ကံစီမံရာပဲဆိုတဲ့ မိုးအောင်ရင်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 22, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment