Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 22, 2015

အီဂျစ်ရှေးဟောင်း ဂူသင်္ချိုင်း အတွင်း၌ ဆေးရည်စိမ်ထားသည့် ခွေးမံမီ ရှစ်သန်းခန့် တွေ့ရှိ

8 Million Dog Mummies Found in Mass Grave



ကိုင်ရို ၊ ၂၁-၆-၂၀၁၅

Anubis အမည်ရှိ ခွေးခေါင်းနှင့် လူခန္ဓာကိုယ် ရှိသည့် သေမင်း နတ်ဘုရားအား ကိုးကွယ် ပူဇော်ခဲ့ ကြသည့် ရှေးခေတ် အီဂျစ်နိုင်ငံရှိ မြေအောက် ဂူသင်္ချိုင်း တစ်ခု၌ ဆေးရည်စိမ် ထားသည့် ခွေးမံမီ ရှစ်သန်းခန့်ကို ရှာဖွေတွေ့ရှိ ခဲ့ကြောင်း ယမန်နေ့တွင် မီဒီယာ တစ်ခုက ဖော်ပြ ခဲ့သည်။

အဆိုပါ မြေအောက် ဂူသင်္ချိုင်း၏ မျက်နှာကျက်တွင် နှစ်ပေါင်း ၄၈ သန်းကျော်ရှိ ရှေးဟောင်း ပင်လယ် သတ္တဝါကြီး တစ်ကောင်၏ ကျောက်ဖြစ် ရုပ်ကြွင်းကိုလည်း တွေ့ရှိခဲ့ကြောင်း၊ သို့သော် ရှေးခေတ် အီဂျစ်လူမျိုး များသည် ယင်း အချိန်က အဆိုပါ ရုပ်ကြွင်း၏ သက်တမ်း ကာလကို သတိမူမိ ခဲ့ခြင်း မရှိကြောင်း သုတေသီ များက ပြောကြားခဲ့သည်။

ယခုအခါ သုတေသန ပညာရှင်များက Anubis နတ်ဘုရားကို ကိုးကွယ် ပသခြင်းသည် ရှေးခေတ်အီဂျစ် နိုင်ငံ၏ စီးပွားရေး တစ်စိတ် တစ်ဒေသ ဖြစ်သည်ကို သက်သေပြသ နိုင်ရန် အထောက်အထား အခိုင်အလုံ ရရှိခဲ့ပြီ ဖြစ်သည်။

သို့ရာတွင် အုတ်ဂူ ဖောက်ထွင်း သူများနှင့် စက်မှု လုပ်ငန်းရှင် အချို့သည် ဆေးရည်စိမ် ရုပ်အလောင်း များကို ဓာတ်မြေသြဇာ ထုတ်လုပ်ရာ၌ အသုံးပြုရန် အတွက် ဂူဖောက် ထွင်းခြင်းများကို လုပ်ဆောင် ခဲ့ခြင်းကြောင့် ရုပ်အလောင်း အချို့မှာ ပျက်စီးခဲ့ ရကြောင်း သိရသည်။

ရှာဖွေ တွေ့ရှိချက်များ အရ ရှေးခေတ် အီဂျစ်လူမျိုး များသည် ရှေးဟောင်း မြို့တော်တစ်ခု ဖြစ်သည့် မမ်းဖစ်မြို့ရှိ ဆက်ကာရာ ဂူသင်္ချိုင်း အတွင်း၌ ခွေးနတ် ဘုရားကို ဂုဏ်ပြုသည့် အနေဖြင့် ဘုရားကျောင်း တစ်ခုနှင့် အုတ်ဂူတစ်ခုကို တည်ဆောက် ခဲ့ကြသည်ဟု သိရသည်။

#PyiChitThar

No comments:

Post a Comment