CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, June 13, 2015
မြန်မာကို အာဆီယံမှထုတ်ပစ်ရန်ပြောသည့် မဟာသီ၏ပြောစကားကို ဘယ်လိုတုံ့ပြန်သလဲ
မြန်မာကို အာဆီယံမှထုတ်ပယ်ပစ်ရန် မလေးရှားဝန်ကြီးချုပ်ဟောင်း၏ ပြောဆိုတွေးခေါ်မှုများမှာ လက်တွေ့အခြေအနေနှင့်ကင်းကွာကြောင်း၊ မြန်မာပါဝင်မှုသည် ဒေသအတွက် လိုအပ်ချက်ဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဒုဝန်ကြီးက တုံ့ပြန်ပြောကြားလိုက်သည်။
"ကနေ့အချိန် မဟာသီယာအနေနဲ့ ပြောဆိုတွေးခေါ်တာတွေဟာ လက်တွေ့အခြေအနေနဲ့ ကင်းကွာသွားပြီး အသက်အရွယ်အားဖြင့်လည်း အလွန်ကြီးပြီဖြစ်ရာ အမှန်ဆိုတာကို နက်ရှိုင်းစွာမသိတော့သူလို့ပဲ သုံးသပ်ကြည့်မိပါတယ်။ အာဆီယံအတွက် မြန်မာပါဝင်နေတာဟာ မိမိတို့ဒေသအတွက် အကျိုးဖြစ်စေတယ်၊ လိုအပ်ချက်ဆိုတာရယ်ကို အာဆီယံနိုင်ငံများအားလုံးက လက်ခံထားကြပြီး ဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံခြားရေးဒုဝန်ကြီး ဦးသန့်ကျော်က ဇွန်လ ၁၃ ရက်တွင် ပြောသည်။
အာဆီယံအဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံပါဝင်နိုင်ခွင့်ရရန် အဓိကကူညီခဲ့ဖူးသူတစ်ဦးဖြစ်သည့် မလေးရှားဝန်ကြီးချုပ်ဟောင်း ဒေါက်တာမဟာသီယာမိုဟာမက်က ဇွန်လ ၁၂ ရက် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် 'ရိုဟင်ဂျာ၏အတိဒုက္ခ ၊ လူသားမျိုးနွယ်ရင်ဆိုင်နေရသော ပြစ်မှု' အမည်ဖြင့် ပြုလုပ်ခဲ့သော ရိုဟင်ဂျာအရေး နိုင်ငံတကာညီလာခံတွင် မြန်မာကို အာဆီယံမှ ထုတ်ပယ်ပစ်ရန် ပြောကြားခဲ့ခြင်းဖြစ်သည်။
"ဒီလိုနိုင်ငံမျိုးတွေဟာ ကျွန်တော်တို့ကို နာမည်ဆိုးပဲ ပေးတယ်။ ဒါ့ကြောင့် ခင်ဗျား လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ချင်ရင် ၊ အာဆီယံက ထွက်" ဟု မလေးရှားဝန်ကြီးချုပ်ဟောင်းက ပြောခဲ့သည်။
မြန်မာနိုင်ငံက မွတ်စလင်လူနည်းစုများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် မြန်မာကို နိုင်ငံတကာဥပဒေများအရ အရေးယူသင့်ပြီး အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ပစ်ရန် အာဆီယံနှင့် ကမ္ဘာ့ကုလသမဂ္ဂကို မဟာသီယာက တိုက်တွန်းခဲ့ကြောင်း မလေးရှားနိုင်ငံပိုင် သတင်းဌာန Bernama က ဖော်ပြခဲ့သည်။
http://7daydaily.com/
မြန်မာကို အာဆီယံမှထုတ်ပစ်ရန်ပြောသည့် မဟာသီ၏ပြောစကားကို ဘယ်လိုတုံ့ပြန်သလဲ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 13, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 13, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment