CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, June 18, 2015
လေမဖြတ်ရအောင် ကြိုတင်ကာကွယ်နည်းများ
လေမဖြတ်အောင် ကြိုတင်ကာကွယ်နည်းကို မကြာခဏ တောင်းဆိုလာကြတဲ့ မိဘပြည်သူများအတွက် လေ့လာမိသမျှ သဘာဝဆေးနည်းများကို ပြန်လည်မျှဝေလိုက်ပါတယ်။
ရှောက်ရွက်ဟာ လေမဖြတ်အောင် ကာကွယ်ပေးနိုင်တဲ့ ဆေးဆိုတာ အချို့ကသိထားပါပဲ။ ဒါ့ကြောင့် ရှောက်ရွက်ကို မကြာခဏ မှီဝဲသုံးစွဲပေးရင် လေဖြတ်ခြင်းမှ ကာကွယ်ပေးပါတယ်။
(၁) ရှောက်ရွက် (၇(ရွက်ခန့်ကို ရေစင်အောင်ဆေးပြီး မတ်ခွက်ထဲကိုထည့်၊ ရေကျက်အေး (သို့မဟုတ်) ရေခပ်နွေးနွေးကိုလောင်းထည့်၊ အဖုံးအုပ်ထားပြီး အေးသွားလျှင် သောက်ပေးနိုင်ပါတယ်။ တစ်ခါစိမ်ထားလျှင် ၂ ရက်၊ ၃ ရက်ထိ ရေထပ်ထည့်ပြီး အခါးဓါတ်မကုန်မချင်း သောက်ပေးနိုင်ပါတယ်။ ( အရမ်းခါးနေလျှင် ပျားရည် သို့မဟုတ် သကြားတို့ကို အနည်းငယ် ခပ်ပြီး သောက်နိုင်ပါတယ်)
(၂) ရှောက်ရွက်ကို ပါးပါးလှီးပြီး ဟင်းရည်ထဲ ထည့်သောက်နိုင်ပါတယ်။
(၃) အသုပ်မျိုးစုံတို့ကိုလည်း ထည့်ပြီး စားနိုင်ပါတယ်။
(၄) ရှောက်ရွက်ကို အစိမ်းစားလျှင် ပိုမိုထိရောက်သည့်အတွက် ရေစိမ်သောက်တဲ့နည်းနဲ့ ပါးပါးလှီးပြီး အစားအစားထဲ ထည့်စားခြင်းသည် ပို၍ကောင်းမွန်းပါသည်။
===================
လေမဖြတ်အောင် ကြိုတင်ကာကွယ်နည်းနဲ့ ပတ်သက်တဲ့ ပါရမီမဂ္ဂဇင်း ဆေးမြီးတိုကဏ္ဍမှ သဘာဝဆေးနည်းလေးကို ပြန်လည် မျှဝေပေးလိုက်ပါသည်။
လက်တွေ့ ပျောက်ကင်းသွားသည့် ဆေးနည်းလေးမို့ ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါသည်။ လေဖြတ်ခြင်း ကင်းဝေးနိုင်ကြပါစေ။
ဆေးနည်းမှာ---
၁။ ရှောက်ရွက် (၁၁)ရွက်
၂။ သကြား (၁၁)ကျပ်သား
၎င်းနှစ်မျိုးကို သန့်ရှင်းစင်ကြယ်စွာ ဆေးကြောထားသောပုလင်းတစ်လုံး အတွင်းသို့ ထည့်၍ ၄င်းဆေးများနှင့်အတူ ရေအပြည့်ထည့်ပြီး (၁၀) ညတိတိ ထားပြီးသောအခါ ၄င်းဆေးကို (၁၁) ရက်တိတိ သောက်သုံးပေးခြင်းဖြင့် လေဖြတ်ခြင်းရောဂါများ အမှန်တကယ် ကင်းဝေးနိုင်ပါသည်။
စောနွဲ့ နေဆိုင် (တိုင်းခမ်းတီ)
ကိုးကား ။ ။ ချိုမျိုးညွန့် (စကု) မင်္ဂလာသတင်းစဉ်
Credit to ကျန်းမာရေးသတင်းများ
လေမဖြတ်ရအောင် ကြိုတင်ကာကွယ်နည်းများ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 18, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 18, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment