Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 18, 2015

iPhone 6 ထက် ပိုမိုပါးလွှာမယ့် Samsung Galaxy 8 အကြောင်း သတင်းပေါက်ကြားခဲ့




စမတ်ဖုန်းတွေ ဘယ်လောက်ပါးလွှာမှုတွေ ရှိလာကြလဲဆိုရင် iPhone 6 က ၆.၉ မီလီမီတာ၊ Galaxy S6 ၆.၈ မီလီမီတာ ရှိပါတယ်။ Galaxy A8 လို့ခေါ်သော ဖုန်းမှာ ပစ္စည်းတစ်ခုလုံး အသစ်အဆန်း အပြောင်းအလဲတွေနဲ့ ထုတ်လုပ်လာဖို့ ရှိပါတယ်။ Galaxy A8 ပုံ တချို့ကို Nowhereelse.fr မှ ဖော်ပြပေးခဲ့ပါတယ်။ Specifications တွေက ၅.၉ မီလီမီတာအထူ သို့မဟုတ် iPhone 6 ထက် ၁ မီလီတာ ပိုမိုပါးလွှာမှုရှိကြောင်း ၄င်းမှ အခိုင်အမာ ပြောဆိုထားပါတယ်။
iPhone 6 Plus မျက်နှာပြင်ထက် ပိုကြီးတဲ့ သူ့ရဲ့ ၅.၇ လက်မ မျက်နှာပြင်ကြောင့် အထူးစိတ်ဝင်စားဖွယ် ကောင်းပါတယ်။
ဖုန်းရဲ့တခြား အစိတ်အပိုင်းတွေက S615 Qualcomm Snapdragon processor၊ 2GB of RAM၊ ကျောဘက်ကင်မရာ 16-megapixel, 3050mAh နဲ့ Android 5.1.1 Lollilop ပါရှိပါတယ်။ ဈေးနှုန်းနဲ့ ဖြန့်ချိရောင်းချမယ့် ရက်စွဲကိုတော့ မသိရသေးပေမယ့် ဒီဖုန်းကို အမေရိကမှာ ဖြန့်ချိရောင်းချမှာ မဟုတ်ကြောင်းနဲ့ အာရှဈေးကွက်အတွက်သာ ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။ 
 Samsung-Galaxy-A8-03Samsung-Galaxy-A8-01
Ref: BGR
http://www.trend.com.mm/2015/06/18/tech-6923

No comments:

Post a Comment