Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, June 20, 2015

ကြယ်တံခွန်ဆင်း ဖီလေးယာဉ် ၏ နောက်ထပ် ဆက်သွယ်လာမှုကို စောင့်ဆိုင်းနေ

ကြယ်တံခွန် 67P နှင့် ဂြိုဟ်ပတ်ယာဉ် ရိုစီတာ

လန်ဒန် ၊ ၁၉-၆-၂၀၁၅

ကြယ်တံခွန် အမှတ် 67P တွင် ဆင်းသက် နေသည့် ဖီလေး ကြယ်တံခွန် ဆင်းယာဉ် ထံမှ ဇွန် ၁၄ ရက်က တိုတောင်းသော ဆက်သွယ်မှု တစ်ကြိမ်သာ ရရှိခဲ့ပြီး နောက်ထပ် ဆက်သွယ်လာမှု မရှိသေးသည့် အတွက် ဥရောပ အာကာသ အေဂျင်စီ ဖီလေးယာဉ် ထိန်းချုပ်ရေး အဖွဲ့က နောက်ထပ် ဆက်သွယ် လာမှုကို စောင့်ဆိုင်း နေဆဲ ဖြစ်ကြောင်း သိရသည်။

''ဖီလေး ရောက်ရှိနေတဲ့ အနေအထား ဟာ ရေဒီယို ဆက်သွယ်မှု လုပ်ဖို့ ခက်ခဲတဲ့နေရာ ဖြစ်တဲ့အတွက် အခုလို အဆက်အသွယ် မှန်မှန်မရ တာဟာ အံ့သြစရာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ခုနစ်လ လုံးလုံး ဘက်ထရီ အားကုန် သွားလို့ ငြိမ်နေတဲ့ ဖီလေး ဟာ ဇွန် ၁၃ ရက်က ကမ္ဘာမြေနဲ့ ပြန်ဆက်သွယ် လာခဲ့နိုင်တာ ကိုကြည့်ခြင်း အားဖြင့် ကျွန်တော်တို့ရဲ့ ဂြိုဟ်ဆင်းယာဉ် ကို ပြန်ရနိုင် သေးတယ်ဆိုတာ ထင်ရှား ပါတယ်'' ဟု ESA မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

ဖီလေး ကြယ်တံခွန် ဆင်းယာဉ် ထံမှ ဇွန် ၁၃ ရက်က ၈၅ စက္ကန့်ကြာ ဆက်သွယ်မှု ပြုလုပ်ခဲ့ပြီး ဇွန် ၁၄ ရက်ကလည်း လွန်စွာ တိုတောင်းသော ဆက်သွယ်မှု တစ်ကြိမ် ပြုလုပ် ခဲ့သေးကြောင်း၊ ထို့နောက် ဆက်သွယ်မှု မရှိတော့သည့် အတွက် ဖီလေး၏ မိခင်ယာဉ် ဖြစ်သော ရိုစီတာ ဂြိုဟ်ပတ်ယာဉ် ကိုဖီလေးနှင့် အနီးဆုံး နေရာသို့ ရွှေ့ပြောင်း နေရာချ ထားလိုက်ပြီး ဆက်သွယ်မှု ရှိလာလျှင် ချက်ချင်း ထပ်ဆင့်လွှင့် စေမည် ဖြစ်ကြောင်း သိရသည်။

''ရိုစီတာကို ကြယ်တံခွန်နဲ့ ကီလိုမီတာ၂ဝဝ ထိ ကပ်ပြီး နေရာချထား ပါတယ်။ ကီလိုမီတာ ၁၈ဝ ထိ ဆက်ကပ် သွားမှာပါ။ အင်တာနာ ကိုလဲ ကြယ်တံခွန် ဆီကို တည့်မတ်စွာ ချိန်ထိုးခိုင်းပြီး ရေဒီယို ဆက်သွယ်မှုကို ရအောင် ကြိုးစား နေပါတယ် '' ဟု တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။ ယခုအချိန်တွင် ကြယ်တံခွန် အမှတ် 67P သည် နေနှင့်နီးရာ ရပ်ဝန်းကို ဝင်ရောက် ဖြတ်သန်းနေချိန် ဖြစ်သည့် အလျောက် ကိုယ်ထည် အရည်ပျော်မှု နှုန်းမြန် ဆန်လျက် ရှိကာ အနီး ဝန်းကျင်သို့ ဓာတ်ငွေ့နှင့် ဖုန်မှုန့် ပမာဏ မြောက်မြားစွာကို မှုတ်ထုတ်လျက် ရှိသည့် အတွက် ကြယ်တံခွန်နှင့် နီးကပ်စွာ ပျံသန်းမည့် ရိုစီတာ ကိုလည်း သတိကြီးစွာ ထားကာ ကိုင်တွယ် ရမည်  ဖြစ်ကြောင်း၊ ၄င်းဓာတ်ငွေ့နှင့် ဖုန်မှုန့်များသည် ရိုစီတာ ၏ လမ်းကြောင်း ရှာဖွေစနစ်ကို အနှောင့်အယှက် ပေးနိုင်ကြောင်း၊ မိမိကို အန္တရာယ် သက်ရောက် စေနိုင်သည့် နှင်းမုန်တိုင်း ဟု ထင်မှတ်မှားကာ Safe Mode သို့  အလိုအလျောက် ပြောင်းလဲပြီး အရေးကြီး စက်ပစ္စည်း များမှအပ ကျန် စူးစမ်း လေ့လာမှု ဆိုင်ရာ ကိရိယာများ အားလုံးကို ပိတ်ချလိုက်မည် ဖြစ်ကြောင်း သိရသည်။

''ရိုစီတာ က အဲဒီလို Safe Mode ကို ပြောင်းသွားရင် ဖီလေးနဲ့လဲ ဆက်သွယ် ပေးနိုင်မှာ မဟုတ်သလို သူကိုယ်တိုင် Safe Mode ကနေ ဘယ်အချိန် ပြန်ထွက်မလဲ ဆိုတာကို ခန့်မှန်းထိန်းချုပ် လို့ မရနိုင် တဲ့အတွက် ဒီစူးစမ်း လေ့လာမှု တစ်ခုလုံးကို ဒုက္ခပေး လာနိုင်ပါတယ် '' ဟု သုတေသီ တစ်ဦးက ဆက်လက် ရှင်းပြသည်။

#PyiChitThar

No comments:

Post a Comment