Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, June 20, 2015

လူကိုးဦးသေဆုံးခဲ့သည့် ချားလ်စတန်မြို့ ရှိ ဘုရားကျောင်းအား ပစ်ခတ်တိုက်ခိုက်ခဲ့သော သေနတ်သမားကို ရဲတပ်ဖွဲ့က ဖမ်းဆီး


ချားလ်စတန် ၊ ၁၉-၆-၂၀၁၅

အမေရိကန် ပြည်ထောင်စု တောင်ကာရို လိုင်းနား ပြည်နယ် ၊ ချားလ်စတန်မြို့ရှိ ဘုရားကျောင်း တစ်ခုအား ပစ်ခတ် တိုက်ခိုက်ခဲ့သော သေနတ်သမားကို ဖမ်းဆီး ရမိခဲ့ပြီ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ယမန်နေ့တွင် ထုတ်ပြန် ခဲ့သည်။

အသက် ၂၁ နှစ်ရှိ ဒိုင်းလန်ရုဖ် သည် ထိုဘုရားရှိခိုး ကျောင်းကို ဇွန် ၁၇ ရက်ညပိုင်းက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တိုက်ခိုက်မှုကြောင့် အာဖရိကန် အနွယ်ဝင် လူကိုးဦး သေဆုံးခဲ့ကြောင်း၊ ယင်း ပစ်ခတ်မှု ဖြစ်ပွားပြီး နောက်ပိုင်းတွင် ရုဖ် မှာ အခင်းဖြစ်ပွား နေရာမှ ထွက်ပြေး သွားခဲ့ကြောင်း သိရသည်။

သို့သော် ရဲတပ်ဖွဲ့သည် မျက်မြင် သက်သေများ၏ ပြောကြားချက် များကို အခြေခံ၍ သေနတ်သမားအား လိုက်လံရှာဖွေ ခဲ့ရာ လက်ဇင်းတန်မြို့ မှ ရုဖ် ကို ဖော်ထုတ် နိုင်ခဲ့ခြင်း ဖြစ်သည်။ အာဏာပိုင် များက ၄င်းကို မြောက်ကာရိုလိုင်းနား ပြည်နယ် ရှယ်လ်ဘီမြို့တွင် ဖမ်းဆီး နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြခဲ့သည်။ ပစ်ခတ်မှု အတွင်း သေဆုံးသူများ ထဲတွင် အမျိုးသား သုံးဦးနှင့် အမျိုးသမီး ခြောက်ဦး ပါဝင်သည်။

ယင်းပစ်ခတ်မှုတွင် အခြားသူ တစ်ဦးမျှ ပါဝင်ခြင်း မရှိဘဲ ရုဖ် အနေဖြင့် တစ်ဦးတည်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုသို့ တိုက်ခိုက်ရသည့် အကြောင်းရင်းကို တာဝန်ရှိ သူများက စစ်ဆေး မေးမြန်းလျက် ရှိသည်ဟု ချားလ်စတန် ရဲတပ်ဖွဲ့မှ အကြီးအကဲ ဂရီဂေါ်ရီမူးလန် က ပြောကြား ခဲ့ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment