Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 21, 2015

ဖုန်းတစ်လုံးအတွက် အသက်ပေးမှာလား


လက်ကိုင်ဖုန်းပျောက်ခြင်း က ယနေ့ခေတ်မှာ လူတွေအကြား ဖြစ်လေ့ဖြစ်ထရှိသော အရာတစ် ခုဖြစ်ပါသည်။ မေ့ကျန်တာ၊အလု ခံရတာ၊ ခိုးယူခံရတာ၊ ကိုယ်တိုင် ဟိုချသည်ချ ဘယ်နားထားမှန်းမ သိဖြစ်တာ စသည်ဖြင့် အကြောင်း မျိုးစုံဖြင့် ဖုန်းပျောက်ကြသည်။ထို့ ကြောင့်လည်း အိုင်ဖုန်းလိုဖုန်းမျိုး တွေမှာ ဖုန်းပျောက်ပါကဖုန်းမှာပါ သော လုပ်ဆောင်ချက်တစ်မျိုး ဖြင့် ဖုန်းပြန်ရှာလို့ရအောင်ဖန်တီး ပေးထားပါသည်။ ဒီအရာက မ ကြာခဏ ဖုန်းပျောက်တတ်တဲ့သူ တွေအတွက် ဖုန်းကို ပြန်ရှာတွေ့ စေသည့် လုပ်ဆောင်ချက်ဖြစ်ရာ လူတွေ အတော်သဘောကျ နှစ် ခြိုက်ကြပါသည်။

သို့ရာတွင် မကြာသေးမီ ရက်ပိုင်းက လန်ဒန်မှာဖြစ်ပွားခဲ့ သည့် ဖြစ်ရပ်တစ်ခုကြောင့် အဆို ပါလုပ်ဆောင်ချက်သုံးပြီး ဖုန်းရှာ သူများ သတိထားကြဖို့ ရဲများက သတိပေးထားလိုက်ပါသည်။ ဖုန်း ပျောက်ရှာသည့် လုပ်ဆောင်ချက် က အန္တရာယ်ပေးတာတော့ မ ဟုတ်ပါ။ ထိုဖုန်းရှာသည့် လုပ် ဆောင်ချက်ကိုသုံးပြီး နောက် ယောင်ခံလိုက်ရာတွင် မိမိဖုန်းကို ယူထားသူတွေက ကိုယ့်ကို အန္တ ရာယ်ပေးနိုင်သည်ကို သတိထား ဖို့ဖြစ်ပါသည်။

ယင်းဖြစ်ရပ်ကို လန်ဒန်က အသက် (၁၈) နှစ်သာရှိသေးသည့် လူငယ်လေး ဂျရမီကွတ်ခ်ကလက် တွေ့ပြသသွားပါသည်။ ပြီးခဲ့ သည့်တစ်ပတ်ကလန်ဒန်မှာအငှား ကားစီးရင်း မေ့ကျန်ခဲ့၍ ကွတ်ခ် တစ်ယောက် ဖုန်းပျောက်သွားပါ သည်။ ထိုအခါ ကွတ်ခ်က နောက် ယောင်ခံလုပ်ဆောင်ချက်တစ်ခု ကိုသုံးပြီး ဖုန်းကို လိုက်ရှာဖွေခဲ့ သည်။ ထိုအခါ လန်ဒန် မြို့ပြင်က ဈေးဝယ်စင်တာတစ်ခု အနားသို့ သူ့ဖုန်းရောက်ရှိနေကြောင်းဖုန်းရှာသည့်လုပ်ဆောင်ချက်က အ ချက်ပြနေပါသည်။

ကွတ်ခ်နှင့်သူ့ဆွေမျိုးတစ်ဦး တို့ ဖုန်းရှိသည်ဟု ညွှန်ပြနေသော ငွေရောင် ၂၀၀၄ မော်ဒယ်မာဇဒါ ကားအနားသို့ တိုးကပ်သွားပါ သည်။ ထိုကားပေါ်မှာကလူသုံးဦး ရှိနေသည်။ ထိုကားကစပြီးမောင်း ထွက်ဖို့ပြင်သည့်အခါ ကွတ်ခ်က ကားတံခါးကို ရုတ်တရက်ဆွဲကိုင် ထားလိုက်သည်။ ထိုအခါ ကား ပေါ်ကနေ သေနတ်ဖြင့်အချက် ပေါင်းများစွာ ပစ်ခတ်ခြင်းကို ကွတ်ခ်ခံလိုက်ရပါတော့သည်။

ကွတ်ခ်သည်သေနတ်ဒဏ် ရာဖြင့် သေဆုံးခဲ့ပြီး သေနတ်ဖြင့် ပစ်ခတ်သူသုံးဦးကတော့ ထွက် ပြေးလွတ်မြောက်သွားကြပါသည်။ သူတို့သုံးဦး၏ကားမှာ ဓာတ်တိုင် နှင့်ဝင်တိုက်မိခဲ့၍ ကားကိုထား ကာထွက် ပြေးသွားကြခြင်းဖြစ် သည်။

သူတို့ စွန့်ပစ်ထားခဲ့သည့် ကားအနီးမှာတော့ ကွတ်ခ်လိုက် ရှာနေသောဖုန်းကို တွေ့ခဲ့ရပါ သည်။ လန်ဒန်ရဲတွေကတော့ ကွတ်ခ်ကို သတ်သွားသူများကို အပူတပြင်း လိုက်ရှာနေကြသည်။ တကယ်တော့ သတ်သည့်တရားခံ သုံးဦးနှင့်ကွတ်ခ် မည်သို့မျှပတ် သက်ခြင်းမရှိပါ။

ထို့ကြောင့် ဖုန်းပျောက်တာ ကို နောက်ယောင်ခံလိုက်ရှာသူ တိုင်း အန္တရာယ်ရှိသည့်နေရာမျိုး ကို ရောက်သည့်အခါ သတိကြီး စွာထားဖို့ ရဲအရာရှိ ကန်စတိဗ်က သတိပေးလိုက်ပါသည်။

‘‘ဒီအက်ပလီကေးရှင်းက အ န္တရာယ်ရှိတာမဟုတ်ပါဘူး။ ဒီဟာ ကို သုံးပြီးလိုက်ရှာတဲ့အခါခင်ဗျား နဲ့တွေ့ရမယ့်လူတွေက အန္တရာယ် ကြီးနိုင်တာပါ’’

နည်းပညာ ကျွမ်းကျင်သူ ကာမီလီဗိုင်က လူငယ်တွေသည် သူတို့၏လက်ကိုင်ဖုန်းများကိုတန် ဖိုးအထားလွန်ကြပြီး မိဘတွေအ နေဖြင့် ဖြစ်လာနိုင်သည့် အန္တ ရာယ်များကို တွက်ဆသိရှိဖို့လို သည်ဟု ဆိုပါသည်။

‘‘ဒီအဖြစ်အပျက်ကအတော့် ကို စိတ်မကောင်းစရာပါပဲ။ က လေးတွေကို ဖုန်းတွေပေးထားတဲ့ မိဘတွေ နားလည်ဖို့လိုပါတယ်။ ကလေးတွေအတွက်တော့ဖုန်းက သိပ်တန်ဖိုးရှိတယ်လေ။ ဒေါ်လာ ရာချီပေးထားရတယ်မဟုတ်လာ။ ဒါပေမဲ့ အသက်ပေးရလောက် အောင်တော့ မတန်ပါဘူးဗျာ’’

သေသုံးသူကွတ်ခ်သည်လန် ဒန်ဘရန်တွန်အရပ်ကဖြစ်ပြီး လာ မည့်ဆောင်းရာသီ၌ ကောလိပ် တက်ဖို့ လုပ်အားပေးဆင်းနေ သည်။ သူသည်ကိုယ်တိုင် ပရိ ဘောကလုပ်ငန်းကိုလည်း တစ် ဖက်က လုပ်ကိုင်နေသူဖြစ်၏။ သူကျောင်းတက်ခဲ့သည့် ဘရန် တွန် အထက်တန်းကျောင်းက ကွတ်ခ်သည် တော်သော၊ ထက် မြက်သော ကျောင်းသားတစ်ဦးဟု ဆိုပါသည်။

သူငယ်ချင်းများနှင့် သူ့အ တွက် စိတ်ထိခိုက်သူများက ကွတ်ခ်သေဆုံးခဲ့သည့်နေရာမှာ ၀မ်းနည်းမှုအနေဖြင့် အရုပ်လေး တွေ၊ ပန်းစည်းလေးတွေ လာ ရောက်ချထားပေးပါသည်။ သူ သေဆုံးခဲ့ရာအရပ်မှာ ဒေသခံ မ စ္စက်မော်ဂန်ဆိုသူက ကွတ်ခ်ကို သူမသိသော်လည်း စိတ်မကောင်း လွန်းသဖြင့် သူ့အတွက် နတ်သမီး အရုပ်လေးချထားပေးသည်ဟုဆို ပါသည်။

‘‘ဖုန်းတစ်လုံးကြောင့်သူသေ ရတဲ့အဖြစ်က ကြေကွဲစရာပါ။ ဒီ ဖုန်းက ဘာမှမတန်ပါဘူး။မတရား လိုက်တာရှင်။ သူ့အမေတော့ ဘယ်လိုဖြေသိမ့်မလဲ ကျွန်မ တော့ မတွေးကြည့်ရဲဘူး’’

(CTV London မှ သတင်းများကို ဘာသာပြန်ရေးထားပါသည်။)
Credit: 7day Daily

No comments:

Post a Comment