CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, June 22, 2015
ပိန်ဆေးတု၊ ကျားအားဆေးတု၊ ကွန်ဒုံးတု၊ ကင်ဆာဆေးတု ဒေါ်လာ သန်း (၈၀) ဖိုး ဖမ်းမိ
နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပို) က ဦးဆောင်ပြီး ကုန်ပစ္စည်းတု တိုက်ဖျက်ရေး လှုပ်ရှားမှု ဆောင်ရွက်ခဲ့ရာ ကမ္ဘာတစ်ဝန်းမှ ဆေးဝါးနှင့် ဆေးပစ္စည်းတု ဒေါ်လာ သန်း (၈၀)ကျော်ဖိုး ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
ပိန်ဆေးတု၊ ကျားအားတိုးဆေးတု၊ ကွန်ဒုံးတု၊ ကင်ဆာဆေးတု စသဖြင့် ဆေးဝါးနှင့် ဆေးပစ္စည်း အများအပြား သိမ်းဆည်း ရမိခဲ့သည်။ ကမ္ဘာ့ (၁၁၅)နိုင်ငံတွင် ဆေးဝါး ပစ္စည်းတု စစ်ဆင်ရေး တစ်ပြိုင်တည်း ပြုလုပ်ခဲ့ခြင်း ရလဒ်ဖြစ်သည်။ ဗြိတိန် တစ်နိုင်ငံတည်းမှာပင် ဒေါ်လာ (၂၅) သန်းကျော် တန်ဖိုးရှိသော ဆေးပြားတုပေါင်း ခြောက်သန်းနှင့် လိုင်စင်မဲ့ ဆေးပစ္စည်း အများအပြား ဖမ်းမိခဲ့သည်။ ဇွန်လ(၉) မှ (၁၆) ရက် အတွင်း စစ်ဆင်ရေး လုပ်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝန်း ဖမ်းဆီးရမိမှု (၁၅၆)မှုထိ ရှိခဲ့သည်။ မူးယစ်ဂိုဏ်း၊ မှောင်ခိုဂိုဏ်းများသည် ပြစ်ဒဏ်ကြီးကြီး ကျနိုင်သော မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းကို စွန့်ကာ ပြစ်ဒဏ် သေးသေးသာကျပြီး ငွေကြေး အမြတ်အစွန်းမူကား သိပ်များသည့် ဆေးဝါးပစ္စည်းတု ဈေးကွက်ဘက်သို့ လှိမ့်ဝင်လာနေကြောင်း ဗြိတိန် ဆေးဝါးနှင့် ဆေးပစ္စည်း အရည်အသွေး ကြီးကြပ်မှုအဖွဲ့ (MHRA )က ပြောသည်။
““ဆေးဝါးတုကိစ္စနဲ့ ဖမ်းမိရင် ပျမ်းမျှ ထောင်နှစ်နှစ်လောက်ပဲ ကျတယ်။ အင်တာနက်ကနေ အလွယ်တကူ ရောင်းဝယ်ဖောက်ကား နိုင်တယ်။ စွန့်စားရမှု နည်းတယ်။ အကျိုးအမြတ်က သိပ်များတယ်။ဒါကြောင့် ဂိုဏ်းတွေဟာ မူးယစ်ဆေးဝါးလုပ်ငန်းကို စွန့်ပြီး ဆေးတုလုပ်ငန်း ဘက်ကူးလာကြတယ်။ ဆေးဝါးတု ဖမ်းမိရင် ပြစ်ဒဏ်ကြီးကြီးပေးဖို့ လိုနေပါပြီ””ဟု MHRA၏ ဥပဒေ ဆိုင်ရာဌာန အကြီးအကဲ အလက်စတာ ဂျက်ဖရီက ပြောသည်။
Source: Daily Mail
http://www.messengernewsjournal.com/General/Eventure/detail.php?id=38502
ပိန်ဆေးတု၊ ကျားအားဆေးတု၊ ကွန်ဒုံးတု၊ ကင်ဆာဆေးတု ဒေါ်လာ သန်း (၈၀) ဖိုး ဖမ်းမိ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 22, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 22, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment